ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

မည်သူမည်ဝါမသိရတဲ့ လူတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီ ကိုအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ရောဘတ်ဖီကိုဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေလို့ ဆလိုဗက်ကီးယားအစိုးရရုံးက ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

မနေ့က အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ်သို့ တက်ရောက်ဖို့ ရောဘတ်ဖီကိုက ဆလိုဗက်ကီး ယားနိုင်ငံအလယ်ပိုင်း ဟန်လိုဗာမြို့ကို သွားရောက်စဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ့ပါ။

အစည်းအဝေးပြီးနောက် လူထုကို နှုတ်ဆက်နေစဉ် ရောဘတ်ဖီကိုက ပစ်ခတ်ခံခဲ့ရတာလို့ ဘီဘီ စီသတင်းဌာနက ဒေသန္တရသတင်းဌာနတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

ရောဘတ်ဖီကိုဟာ ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးရုံသို့ ရဟတ်ယာဉ်နဲ့ ပို့ဆောင် ခဲ့ရတယ်လို့ သိရပါတယ်။ သေနတ်ပစ်ခတ်သူလို့ သံသယရှိသူကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလို ရိုက်တာသတင်းဌာနက အခင်းဖြစ်ရာနေရာရဲ့ ရုပ် သံဖိုင်တွေ၊ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာ လူနာတင်ကားတစ်စင်းရဲ့ အသံတွေနဲ့ အ ခင်းဖြစ်ရာနေရာကို ပိတ်ဆို့လိုက်ပုံကို မြင်တွေ့ရပါတယ်။

ရုပ်သံဖိုင်တစ်ခုမှာ ရောဘတ်ဖီကိုရဲ့ လုံခြုံရေးတွေက ကားတစ်စင်းအတွင်း သူ့ကို ခေါ်ဆောင်နေ ပြီး ရဲတပ်ဖွဲ့ဝင်တွေက ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ သက်ကြီးလူတစ်ဉီးကို ဖမ်းဆီးနေပုံကို ပြ သပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းပြုလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ရောဘတ်ဖီကိုရဲ့ အ တိုက်အခံပါတီက အောင်ပွဲရပြီးနောက် အာဏာပြန်ရလာတာပါ။ ရောဘတ်ဖီကိုက ယူကရိန်းသို့ စစ်ရေး အကူအညီပေးတာ ရပ်ဆိုင်းဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Slovak PM taken to hospital after being shot

#Ayeyarwaddy_Times