
ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
ဂါဇာတောင်ပိုင်း ရာဖာမှာ အင်အားပြည့် ထိုးစစ်ဆင်မှုနဲ့ အရပ်သားသေဆုံးမှု မြင့်တက်လာတဲ့အ ပေါ် စိုးရိမ်မှုတွေရှိလင့်ကစား အစ္စရေးသို့ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးပို့ဖို့ စီ စဉ်နေတယ်လို့ အမေရိကန်အစိုးရက ကွန်ဂရက်ကို ပြောပါတယ်။
အစ္စရေးသို့ပေးအပ်မယ့် စစ်ရေးအကူအညီကို လက်ရှိမှာ ကွန်ဂရက်က ပြန်လည်သုံးသပ်နေ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်ရှိအချိန်ထိ အတည်မပြုရသေးတဲ့ စစ်ရေးအကူအညီထဲမှာ ဒေါ်လာ သန်း ၇၀၀ ခန့်တန် ကြေးရှိ တင့်ဖျက်လက်နက်တွေ၊ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ မော်တော်ယာဉ်တွေနဲ့ ဒေါ်လာ သန်း ၆၀ တန်ကြေးရှိ မော်တာကျည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဂါဇာတောင်ဘက်ဆုံးရှိ ရာဖာမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်လက်နက်တွေတင်ပို့တာ ရပ်ဆိုင်းကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပြီးတစ်ပတ်အကြာမှာ အစ္စရေးသို့ စစ်လက်နက်တွေ ပေးပို့ဖို့ ကွန်ဂရက်ကို တင်ပြခဲ့တာပါ။
ဂါဇာဒေသမှာ အစ္စရေး-ဟားမာစ် ပဋိပက္ခကြောင့် ပြည်သူ ၅၀၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီလို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
ပြင်းထန်သော တိုက်ခိုက်မှုတွေကြောင့် ဂါဇာမြောက်ပိုင်းရှိ ပြည်သူ ၁၀၀၀၀၀ ကိုလည်း ဘေး လွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၇ ရက်နောက်ပိုင်း ဂါဇာအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃၅၁၇၃ ဉီး သေဆုံးခဲ့ပြီး ၇၉၀၆၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါ တယ်။
ကိုးကား – Aljazeera
Ref; US plans to send $1bn in new military aid to Israel: Reports
#Ayeyarwaddy_Times