ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အစ္စရေးနဲ့ ဟား မာစ်အဖွဲ့ကြား ဆွေးနွေးမှုတွေ ကျင်းပပေးပြီး ဂါဇာဒေသမှာ တင်းမာမှုတွေ ငြိမ်သက်စေဖို့ ကာတာနိုင်ငံ က လနဲ့ချီ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား စေ့စပ်ညှိနှိုင်းမှုတွေဟာ မတိုးသာမဆုတ်သာအခြေအ နေလို့ ကာတာဝန်ကြီးချုပ်က ဝန်ခံပါတယ်။
ဓားစာခံတွေ လွတ်မြောက်ရေး မဆွေးနွေးမီ တိုက်ပွဲတွေ အဆုံးသတ်တာကို ဟားမာစ်အဖွဲ့က မြင်တွေ့လိုပေမယ့် အစ္စရေးနိုင်ငံကတော့ မတူညီသောအမြင်တစ်ရပ် ရှိနေတယ်လို့ ကာတာဝန်ကြီးချုပ် မိုဟာမက်ဘင်အဒူရာမန်အယ်လ်သာနီက ပြောပါတယ်။
“ဒီနှစ်ခုကြား မည်သည့်တူညီမှု မရှိသရွေ့ ရလဒ်တစ်ခု ရမှာမဟုတ်ဖူး” လို့ သူက ဆိုပါတယ်။ တောင်ပိုင်းရှိ ရာဖာမြို့တော်မှာ အစ္စရေးက ထိုးစစ်ဆင်တာဟာ ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်စေ တယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်အတွင်း ဂါဇာဒေသရှိ ပစ်မှတ် ၁၀၀ ကျော်ကို ပစ်ခတ်ကာ ဒါဇင်နဲ့ချီတဲ့ ဟားမာစ်အ ဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့မှာ ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။
အလယ်ပိုင်းရှိ Nuseirat မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနေအဆောက်အအုံတစ်လုံးကို ထိ မှန်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် လူ ၄၀ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယားသ တင်းဌာနက ဖော်ပြပါတယ်။
ဂါဇာဒေသခံတွေဟာ အရေးတကြီး လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ ရုန်းကန်နေ ရပါတယ်။ မေလ ၉ ရက် ရာဖာမှာ မြေပြင်ဆေးရုံတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ (ICRC) က ပြောပြီး တစ်ရက်လျင် လူ ၂၀၀ ကို ကုသပေးနိုင်တယ်လို့ သိရပါတယ်။
ဆေးကုသရေးမစ်ရှင်ကို လေးစားသမှုထားပြီး ကာကွယ်ပေးဖို့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်း အားလုံးကို ICRC တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – NHK
Ref; Qatari PM: ceasefire talks at ‘almost a stalemate’
#Ayeyarwaddy_Times