
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်တွင် ထိုင်းဘာသာစကားသင်တန်း လျှောက် ထားမှုကို ငြင်းပယ်ခြင်းမရှိဟု ထုတ်ပြန်ထားသော်လည်း ဗီဇာလျှောက်ထားခွင့် မရသေးကြောင်း သိရသည်။
လက်ရှိတွင် သက်တမ်းတိုး ကျောင်းသားဗီဇာ (Non – Migration ED Visa) လျှောက်ထားပြီးသော်လည်း နေထိုင်ခွင့်ဗီဇာရ၊ မရ မသိရှိရသေးကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရောက်ရှိနေသူများထံက သိရသည်။
“အခုက သုံးလဗီဇာနဲ့ရောက်နေပြီ။ အင်္ဂလိပ်စာ ဘာသာစကားတက်ဖို့ ကျောင်းမှာ ဖောင်တင်ထားပြီ။ ကျောင်းမှာက လက်ခံနိုင်တာထက် ဖောင်တင်ထားတဲ့သူ တွေများတယ် လို့ပြောတယ်။ အခုက နောက်ထပ် ကျောင်းသားဗီဇာ ၁၅ လ ရဖို့ပိုက်ဆံ ဘတ်တစ်သောင်းကျော်ပေးပြီးပြီ။ ဗီဇာရမှာလား။ ပိုက်ဆံပြန်ရမှာလား မသိသေးဘူး ” ဟု ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ရောက်ရှိနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်သည် တည်ဆဲဥပဒေ၊ လူ့အခွင့်အရေးနှင့် တန်းတူ ပညာသင်ကြားခွင့်မူဘောာင်များကိုလေးစားလိုက်နာကြောင်း၊ ယင်းကန့်သတ်ချက်များ နှင့် ပတ်သက်ပြီးကျောင်းမူဝါဒထုတ်ပြန်ခြင်းမရှိကြောင်း မေ ၁၂ ရက်နေ့က ထုတ်ပြန် ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာကျောင်းသား(အမျိုးသား)များကို ထိုင်းဘာသာ စကားလျှောက် ထားခြင်းအား ငြင်းပယ်ခြင်း၊ ဗီဇာထုတ်ပေးမှုကန့်သတ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း လူမှုကွန်ရက်များတွင် သတင်းထွက်ပေါ်ခဲ့သည်။
အဆိုပါဘာသာစကားသင်ယူ နေထိုင်ခွင့် ဗီဇာသည် သုံးလတစ်ခါသက်တမ်းတိုးရန် လိုအပ်ပြီး နေထိုင်ခွင့် ၆လ ဗီဇာနှင့် ၁၂ လ ဗီဇာနှစ်မျိုးရှိကြောင်း ထိုင်းသံရုံးထံက သိရသည်။
ထိုင်းနိုင်ငံသို့ Non – Immigrant ED Language ဗီဇာဖြင့်ရောက်ရှိနေပြီး ဘာသာ စကားသင်တန်းကျောင်းတက် မည့်သူများ၏ နေထိုင်ခွင့်သက်တမ်းတိုးပေးမှု ယာယီ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဗီဇာဝန်ဆောင်မှုလုပ်ငန်းများက ထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံ အခြေစိုက်ဗီဇာဝန်ဆောင်မှုပေးသော လုပ်ငန်းများသည် မြန်မာ ( အမျိုးသား) အတွက် ကျောင်းသားဗီဇာလျှောက်မှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။
ဓာတ်ပုံ – ချင်းမိုင်တက္ကသိုလ်
#ထိုင်းဗီဇာ #ကျောင်းသားဗီဇာ #ချင်းမိုင်တက္ကသိုလ် #Ayeyarwaddy_Times