
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
သင်္ကြန်ကာလအပြီးနိုင်ငံခြားငွေလဲဈေးနှင့် အကယ်ဒမီအခေါက်ရွှေတရိပ်ရိပ်တက်နေရာ ညနေဈေး ကွက်ပိတ်ချိန် တစ်ရက်အတွင်း ဒေါ်လာလဲနှုန်း ကျပ် ၄၀၀၀ ကျော်နှင့် အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ်သိန်း ၅၀ နီးပါးရောက်ရှိလာကြောင်း စျေးကွက်အတွင်းက စုံစမ်းသိရသည်။
အမေရိကန်ဒေါ်လာငွေလဲနှုန်းထားသည် တစ်ရက်အတွင်း ၁၀၀ ကျပ် ကျော်မြင့် တက်သွားခြင်းဖြစ်ပြီး ယနေ့ မေ ၁၅ ရက်နေ့တွင် ပေါက်ဈေးသည် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၄၀၈၀ ကျပ်ဖြစ်ပြီး ဝယ်ဈေး ၄၁၂၀ ကျပ်ရှိကြောင်း စုံစမ်းသိရသည်။
ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ရက်အတွင်း ကျပ် ရှစ်သောင်းကျော်မြင့်တက်ကာ ယနေ့ မေ ၁၅ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄,၉၅၅,၀၀၀ သိန်းရှိ၍ မေ ၁၄ ရက်နေ့တွင် ကျပ် ၄,၈၇၅,၀၀၀ သိန်းရှိကြောင်းရွှေဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေဈေးသတ်မှတ်ချက် အပိတ်ဈေးနှုန်းတွင် အကယ်ဒမီ မီးလင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၃,၉၉၉,၆၀၀ သိန်းရှိကြောင်းသိရသည်။
အမေရိကန်ဒေါ်လာဈေး၊ ပြည်တွင်းရွှေဈေးတို့နှင့်အတူ ထိုင်းဘတ်ငွေ ၊ တရုတ်ယွမ် ဈေးများလည်းမြင့်တက်လျက်ရှိသည်။
#တစ်ရက်အတွင်းဈေးမြင့် #ပြည်တွင်းရွှေဈေးတက် #ဒေါ်လာဈေးတက် #Ayeyarwaddy_Times