
ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံရဲ့ တစ်ကြိမ်တည်းနဲ့ ပမာဏအများဆုံး တရားမဝင် မူးယစ် ဆေးဝါး ဖမ်းဆီးရမိတွေထဲကတစ်ခုအဖြစ် မီသာဖက်တမင်းတစ်တန်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ က မေလ ၁၂ ရက်မှာ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ မေလ ၁၀ ရက်က ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်နာယော့ခ်ပြည်နယ်မှာ ပစ် ကပ်ထရပ်ကားတစ်စင်းကို ရပ်တန့်ရှာဖွေရာမှာ နိုင်ငံတကာဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် တန်ကြေးရှိ မီသာဖက်တမင်းဆေးပြားတွေကို ဖမ်းဆီးရမိတာပါ။
ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ဒေသန္တရ တာဝန်ရှိသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို စောင့် ကြည့်နေပြီး ‘Ice’ ခေါ် မူးယစ်ဆေးဝါး ပမာဏအများအပြားကို ရွှေ့ပြောင်းမယ့်အစီအစဉ်ကို သိရှိခဲ့တယ် လို့ ခေတ္တ ရဲတပ်ဖွဲ့အကြီးအကဲ Kittharath Punpetch က ပြောပါတယ်။
ထရပ်ကားအတွင်း အလေးချိန်တစ်တန်ခန့်ရှိတဲ့ မူးယစ်ဆေးဝါးထည့်ထားတဲ့ အိတ် ၄၀ ကို တွေ့ ရှိခဲ့တယ်လို့ ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထရပ်ကားမောင်းသူကိုလည်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်မှောင်ခိုကွန်ရက်ရဲ့ အကြီးအကဲဟာ အိမ် နီးချင်းတိုင်းပြည်တစ်ခုမှာ အခြေစိုက်တဲ့ ထိုင်းနိုင်ငံသားတစ်ဉီးဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆပါတယ်။
ထိုင်းနိုင်ငံဟာ ထိုင်းမြောက်ပိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ဆုံစည်းရာ ‘ရွှေတြိဂံ’ ဒေသမှာ ထုတ် လုပ်တဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေအတွက် အဓိက ပို့ဆောင်တဲ့လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အန်ဖက်တမင်းဆေးပြားတွေ အဓိကထုတ်လုပ်ရာ တိုင်းပြည်တစ်ခုဖြစ်ပြီး မူး ယစ်ဆေးဝါးအများစုကို နယ်စပ်ဒေသတွေရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ တ ရားမဝင် ဓာတ်ခွဲခန်းတွေမှာ ထုတ်လုပ်ပါတယ်။
ကိုးကား – AFP
Ref; Thailand intercepts a tonne of crystal meth in one of its biggest single seizures of the drug
#Ayeyarwaddy_Times