
ကြယ်စင်/ဧရာဝတီတိုင်းမ်
(မော်ကျွန်း)၊ ဩဂုတ်လ ၆ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအချို့ ရွှေခရုအကျများ တာကြောင့် အခြားအလုပ်ပြောင်းလုပ်ကိုင်လာသူများလာတယ်လို့ သိရပါတယ်။
မိုးစပါးစတင်စိုက်ပျိုးချိန်မှာ ရွှေခရုကျတာနဲ့တိုးပြီး လယ်ဧကအများစုပျက်စီးဆုံးရှုံးတာကြောင့် လယ်ယာ လုပ်ငန်းခွင်ကိုစွန့်ခွာပြီး တခြားအလုပ်တွေပြောင်းလုပ်ကိုင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ခုဆိုရင် ဧက ၂၀ ကနေ ၂၅ ဧကလောက်စိုက်တဲ့သူဆို ဧက ၁၀ လောက်ပဲအသာတင်ကျန်တယ်၊ ကျွန်တော်တို့ ရွာမှာဆိုရင် ဧက ၂၀ လောက်ပျက်စီးပြီး အကြွေးတင်လို့ တချို့ဆို လယ်မလုပ်တော့ဘဲ တခြားအလုပ်ပြောင်း လုပ်နေရတယ်”လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ ရွှေခရုကျလို့ ပိုးသတ်ဆေးတွေသုံးပေမယ့် ထိရောက်သေဆုံးမှု နည်းလို့ လယ်ယာမြေတွေပိုပျက်စီးလာရတယ်လို့ ဆိုပါတယ်။
လယ်ယာမြေတဝက်ကျော်လောက်ပျက်စီးပြီး အရှုံးပေါ်တဲ့ လယ်သမားအများစုဟာ မိုးစပါးထက် မစိုက်တော့ဘဲ တခြားအလုပ်တွေကို ပြောင်းလုပ်ကိုင်နေကြရတာလို့ ဒေသခံတွေထံက သိရပါတယ်။