ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူကို ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ဖို့ အဆိုပြုလိုက်ပါတယ်။
ရုရှားသမ္မတရုံးက တနင်္ဂနွေနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။ မေလ ၇ ရက်က ပဉ္စမသက်တမ်း ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပူတင်က အစိုးရအဖွဲ့ အပြောင်းအလဲတစ်ရပ် ပြုလုပ်နေပါ တယ်။
ပူတင်က ရာထူးခန့်အပ်မယ့် အဆိုပြုချက်အသစ်တွေကို အထက်လွှတ်တော်သို့ တင်ပြခဲ့တာပါ။ ရှိုအီဂူဟာ ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့နေရာကို စီး ပွားရေးမူဝါဒများ အကြီးအကဲ ခေတ္တ ဒုတိယဝန်ကြီးချုပ် အန်ဒရေဘီလိုဆော့ဗ်နဲ့ အစားထိုးမှာဖြစ်ပါ တယ်။
အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ပူတင်က ဘာကြောင့် အဆိုပြုခဲ့ တယ်ဆိုတာကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ရှင်းပြခဲ့ပါတယ်။
အန်ဒရေက ပိုမို တီထွင်ဆန်းသစ်မှုကောင်းပြီး မူဝါဒတွေကို မြန်ဆန်စွာ အကောင်အထည်ဖော် နိုင်တာကြောင့် သမ္မတက အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးဌာနကိုဉီးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကျူးကျော်စစ် ဆက်လက်ဆင်နွှဲနေလို့ ကာကွယ်ရေးစရိတ် ပိုမို သုံးစွဲနေ ရလို့ အန်ဒရေဟာ စီးပွားရေးနယ်ပယ်က နိုင်ငံရေးသမားလို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိ လုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင်းပတ်ထရူရှက်ဗ်ရဲ့ နေရာမှာ ရှိုအီဂူနဲ့ အစား ထိုးခန့်အပ်တာကို ရုရှားသမ္မတရုံးက မကြာခင် ကြေညာမယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာစီမော့ဗ်တို့ကို လက်ရှိနေရာတွေမှာ ဆက်လက်ခန့်ထားဖို့လည်း ပူတင်က အဆိုပြုခဲ့ပါတယ်။
ပူတင် အဆိုပြုထားတဲ့ အစိုးရအဖွဲ့ အခင်းအကျင်းသစ်က ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှုရှိ မရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Putin to replace defense chief Shoigu with economist
#Ayeyarwaddy_Times