ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

တင်းမာမှုတွေ မြင့်တက်နေစဉ် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်အတွင်း ဖိလစ် ပိုင်က စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံက ကျွန်းတုတစ်ကျွန်း တည်ဆောက်နေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။

ကျွန်းတုတစ်ကျွန်း ဖန်တီးတဲ့ တရုတ်နိုင်ငံရဲ့ တရားမဝင် လုပ်ရပ်တွေကို စောင့်ကြည့်ဖို့ ဖိလစ် ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က စစ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ပြီး အဆိုပါဧရိယာမှာ အခြားရေယာဉ်နှစ် စင်း အလှည့်ကျဖြန့်ကြက်မယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက Escoda ကျွန်းလို့ခေါ်တဲ့ ဆာဘီနာကျွန်းမှာ တရုတ်နိုင်ငံက ကျွန်းတုတစ်ကျွန်းတည်ဆောက်နေတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေးတာရီလာက ပြောပါ တယ်။

ရေကြောင်းအငြင်းပွားမှုနဲ့ပတ်သက်လို့ ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဉီးနဲ့ ဖုန်းပြောဆိုချက် ပေါက်ကြားမှုကြောင့် တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေးက တောင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သင်္ဘောတစ်စင်းက သုတေသနနဲ့ ရေတပ်သင်္ဘောတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ တ ရုတ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ဆာဘီနာကျွန်းမှာ ကျောက်ချထားတယ်လို့ တာရီလာ က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ပလာဝမ်းပြည်နယ်မှ ၁၂၄ မိုင်အကွာမှာ တရုတ်သင်္ဘောတွေ တွေ့ရှိတာဟာ ကမ်း ခြေစောင့်တပ်ဖွဲ့ရဲ့ သန္တာကျောက်တန်း အပျက်အစီးတွေ့ရှိမှုနဲ့ တိုက်ဆိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံ ပမာဏရှိတဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်းရာ တောင်တရုတ်ပင် လယ် ပိုင်နက်နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်နဲ့ဖိလစ်ပိုင်က အငြင်းပွားမှုတွေဖြစ်နေတာပါ။

ကိုးကား – VOA
Ref; Philippines sends ships to disputed atoll, says China building ‘artificial island’

#Ayeyarwaddy_Times