ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုတစ်ခုနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ ပျံ့ နှံ့စေတဲ့ တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက နိုင်ငံခြားရေးဝန် ကြီးဌာနကို တိုက်တွန်းလိုက်ပါတယ်။

တရုတ်သံတမန်တွေဟာ ဖိလစ်ပိုင်ပြည်သူတွေကို သွေးခွဲဖို့ ကြိုးစားခဲ့တယ်လို့ အမျိုးသားလုံခြုံ ရေးအကြံပေး အက်ကွာဒိုအေနိုက သောကြာနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

သတင်းမှားတွေ ပျံ့နှံ့စေရာမှာ မနီလာမြို့တော်ရှိ တရုတ်သံရုံးက ပါဝင်ခဲ့ကြောင်း၊ ဖိလစ်ပိုင်ပြည် သူတွေကြား စည်းလုံးညီညွတ်မှုနဲ့ သွေးခွဲဖို့ ရည်ရွယ်တာဖြစ်ကြောင်း သူက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ထိန်းချုပ်ထားတဲ့ တောင်တရုတ်ပင်လယ်အတွင်းရှိ Second Thomas ကျွန်းစုပေါ် ရှိ ဖိလစ်ပိုင်စစ်စခန်းတစ်ခုသို့ စစ်လက်နက်နဲ့ရိက္ခာ ဖြည့်တင်းရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးက ဇန်န ဝါရီလအတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ တရုတ်ရဲ့ပြောကြားချက်ကို ၎င်းက ရည်ညွှန်းခဲ့တာပါ။

ဖိလစ်ပိုင်အစိုးရက မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ကြောင်း ငြင်းဆန်ခဲ့ပြီး တရုတ်နိုင်ငံက မီဒီယာစစ်ပွဲ ဆင်နွှဲနေတာလို့ ပြောပါတယ်။

ဖိလစ်ပိုင်စစ်ဘက်တာဝန်ရှိသူတစ်ဉီးနဲ့ တရုတ်သံတမန်တစ်ဉီးတို့ရဲ့ ကျွန်းစုအကြောင်း ဆွေးနွေး မှု ဖုန်းပြောဆိုချက် အသံဖိုင်တစ်ခုကို တရုတ်သံရုံးက ဖိလစ်ပိုင်မီဒီယာတွေထံ ပေးပို့ခဲ့ပါတယ်။

ဖုန်းပြောဆိုမှုကို မှတ်တမ်းတင်တာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အက်ဉပဒေကို ချိုးဖောက်ပြီး သံတမန် တွေ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို အပြင်းအထန် ချိုးဖောက်မှုလို့ အက်ကွာဒိုရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဖုန်းပြောဆိုမှု အမှန်တစ်ကယ် ပြုလုပ်ခဲ့လျင်ပင် နှစ်နိုင်ငံအစိုးရတွေကြား သဘောတူညီချက် မ ရရှိခဲ့ဘူးလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ကိုးကား – NHK
Ref; Philippine security adviser calls for Chinese diplomats to be expelled

#Ayeyarwaddy_Times