ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးမယ့် ဉပဒေကြမ်း အတည်ပြုပြီးနောက် အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့မှု ပုံမှန်ပြုလုပ်မှုအဖြစ် ဒေါ်လာ သန်း ၄၀၀ စစ်ရေးအကူအညီ ပေးဖို့ အမေရိကန်က ပြင်ဆင်နေပါတယ်။

ယူကရိန်းသို့ပေးမယ့် စစ်ရေးအကူအညီထဲမှာ အမြောက်တွေ၊ NASAMS လေကြောင်းရန် ကာ ကွယ်ရေးစနစ်အတွက် ခဲယမ်းမီးကျောက်တွေ၊ တင့်ဖျက်လက်နက်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ စစ်မြေ ပြင်မှာ ချက်ချင်း အသုံးပြုနိုင်မယ့် လက်နက်ငယ်တွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အရေးပေါ်အခြေအနေမှာ ကွန်ဂရက်ရဲ့ အတည်ပြုချက်မလိုပဲ သမ္မတကို စစ်လက်နက်တွေ လွှဲ ပြောင်းပေးပိုင်ခွင့်ပြုထားတဲ့ Presidential Drawdown Authority (PDA) ကို အသုံးချပြီး ယူကရိန်းသို့ စစ်ရေးအကူအညီပေးတာဖြစ်ပါတယ်။

ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေး ဉပဒေကြမ်းအရ ကွန်ဂရက်က ဒေါ်လာ ၈ ဘီလီယံတန် ကြေးရှိ PDA အပါအဝင် ယူကရိန်းသို့ ဒေါ်လာ ၆၀ ဒသမ ၈ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီတွေ ပေးအပ်ခွင့်ပြုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဒုတိယမြို့တော် ခါကတ်ဗ်မြို့အနီး ရုရှားတပ်ဖွဲ့တွေက သံချပ်ကာယာဉ်တွေ ဝန်းရံလိုက်ပါတဲ့ မြေပြင်တိုက်ခိုက်မှုတစ်ရပ် စတင်ပြီးပါက စစ်ရေးအကူအညီပေးမယ့် အစီအစဉ်ကို သောကြာနေ့မှာ ကြေညာမယ်လို့ မျှော်မှန်းရပါတယ်။

အမေရိကန်ရဲ့ စစ်ရေးအကူအညီကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ကို ခုခံကာကွယ်ရာမှာ များစွာ အထောက်အကူပြုလာမှာဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; US to announce new $400 million military aid package for Ukraine, official says

#Ayeyarwaddy_Times