
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ အရှိန်မြှင့်လာတာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ကု လသမဂ္ဂအဖွဲ့က မေလ ၉ ရက်မှာ ပြောပါတယ်။
အရပ်သားတွေဟာ အကြမ်းဖက်မှုတွေ၊ လူမျိုးစုအချင်းချင်းကြား တင်းမာမှုတွေနဲ့ ပဋိပက္ခမှာပါ ဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ အဓမ္မ လူသစ်စုဆောင်းမှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ဆိုပါ တယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ် ကြား တိုက်ပွဲတွေ မြန်ဆန်စွာ အရှိန်မြင့်တက်နေပါတယ်။
လက်နက်ကိုင်အဖွဲ့အချို့က ပဋိပက္ခမှာ ပါဝင်လာလို့ လူမျိုးစုကြား အကြမ်းဖက်မှုတွေ ဖြစ်လာ မှာကို အရပ်သားတွေနဲ့ အကူအညီပေးရေးလုပ်သားတွေကြား စိုးရိမ်မှုတွေရှိနေစဉ် အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မှာ မြို့ပြဒေသတွေကို သိမ်းပိုက်ဖို့ နီးကပ်လာတာ ကြောင့် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရှိန်မြှင့်လာခဲ့ပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးဟာ အကူအညီပေးရေးလုပ်သားတွေ သို့မဟုတ် လူ သားချင်စာနာမှု အဖွဲ့အစည်းတွေကို ပစ်မှတ်မထားရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေ ကို လိုက်နာရမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေကို ကာကွယ်ပေးဖို့၊ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာ နာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ တိုင်းပြည်တစ်ဝှမ်း လုံခြုံရေးအခြေအနေ ဆိုးရွားနေစဉ် ကုလသမဂ္ဂက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
သတင်းမှားတွေနဲ့ အမုန်းစကားတွေ ရပ်တန့်ဖို့၊ လူမှုရေးဆိုင်ရာ စည်းလုံးညီညွတ်မှု မြှင့်တင်ဖို့နဲ့ လူ့အခွင့်အရေးကို လေးစားသမှုရှိဖို့ ကုလသမဂ္ဂက ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို တိုက် တွန်းပါတယ်။
ကိုးကား – UNOCHA
Ref; Occupied Palestinian Territory, Haiti, Democratic Republic of the Congo, Ukraine, Myanmar
#Ayeyarwaddy_Times