ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

အစ္စရေးတပ်ဖွဲ့က တောင်ပိုင်းရှိ ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင် ထိုးစစ်ဆင်မှုတစ်ရပ် ပြုလုပ် ပါက အစ္စရေးနိုင်ငံသို့ အမေရိကန်စစ်လက်နက်တွေ ပေးပို့တာ ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ပြောပါတယ်။

အမေရိကန်နိုင်ငံက ထောက်ပံ့ထားတဲ့ ဗုံးတွေ၊ အခြားလက်နက်တွေကြောင့် ဂါဇာဒေသမှာ အ ရပ်သားတွေ သေဆုံးခဲ့ရတယ်လို့ ၎င်းက CNN သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

“အစ္စရေးတပ်ဖွဲ့က ရာဖာမြို့ကို ထိုးစစ်ဆင်ရင် ကျွန်တော် စစ်လက်နက်တွေ မထောက်ပံ့ပါဘူး။ ဒါကို အစ္စရေးဘက်က ရှင်းရှင်းလင်းလင်း သိရအောင် ကျွန်တော် ပြောတာပါ” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ အစ္စရေး-ဟားမာစ်စစ်ပွဲနောက်ပိုင်း ဂျိုးဘိုင်ဒင်က အစ္စရေးသို့ စစ်လက်နက်ထောက်ပံ့တာ ရပ်ဆိုင်းမှုကို လူသိရှင်ကြား ရည်ညွှန်းပြောဆိုတာ ပထမဆုံးအ ကြိမ် ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်က အစ္စရေးနိုင်ငံအပေါ် ဖိအား တိုးပေးလိုပြီး အရပ်သားတွေ သေဆုံးမှုတွေ မြင့်တက် နေစဉ် အစ္စရေးသို့ အမေရိကန်နိုင်ငံက စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့တာနဲ့ပတ်သက်လို့ ပြည် တွင်း၊ပြည်ပရဲ့ ဝေဖန်မှုကို သွေဖီတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ အစ္စရေးနိုင်ငံကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက သံန္နှိဌာန်ချထားဆဲပဲလို့ ဂျိုးဘိုင်ဒင်က အလေးထားပြောပါတယ်။

“ကျွန်တော်တို့ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံပြီး အစ္စရေးနိုင်ငံကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Biden: US will halt weapons shipments if Israeli forces go into Rafah

#Ayeyarwaddy_Times