ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဒဟတ်ကန်အုပ်စု၊ ကံလှကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ၎င်း၏အိမ်နှင့် ကျေရွာပတ်ပတ်လည်က်ိုအဓမ္မ ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှာ ဦးတင်ဝင်းဖြစ်ပြီး တစ်ညလျှင် ဒေသခံ လူအယောက် ၆၀ ကို မေလ ၆ ရက်နေ့ကစတင်ကာ ကင်းစောင့်ခိုင်းပြီး ကင်းမစောင့်နိုင်သည့် နေအိမ်များကို ပိုက်ဆံတောင်းယူကြောင်း ဒေသခံများကပြောသည်။

“အမျိုးသမီးတွေပါ ကင်းစောင့်ခိုင်းတယ်၊ မလိုက်နိုင်ရင် အဖိုးအခတွေနဲ့ လူငှားပြီး ထည့်ပေးရတယ်။ အဲဒီလိုမှမရရင် ကင်းမစောင်တဲ့ နေအိမ်တွေကိုအတင်းအဓမ္မ ပိုက်ဆံတောင်းတာ။ သူ့နေအိမ်အတွက်လဲ သီးသန့် ရွာသားတွေက ကင်းစောင့်ပေးရသလို ရွာလည်ဓမ္မာရုံအနီးပတ်ပတ်လည်နဲ့ အဝင်ထွက်တွေကို ကင်းစောင့်ပေးရတာ” ဟု ကံလှကျေးရွာတွင်ကင်းစောင့်ပေးရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကံလှကျေးရွာရှိ ဒေသခံများသည် ည ၈နာရီမှ နံနက် ၄ နာရီအထိ ကင်းစောင့်နေရပြီး ည ၁၀နာရီနောက်ပိုင်းတွင်လည်း ဆိုင်ကယ်မစီးရဟု အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက အမိန့်ထုတ်ထားသည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားဘက်မှကျေနပ်မှုမရှိကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းသည် ယခင်က ၎င်၏နေအိမ်တွင် မနေထိုင်ပဲ အခြားဒေသများတွင် ထွက်ပြေးတိမ်းရှောင်နေပြီး ယခုအခါ ကံလှကျေးရွာသို့ပြန်လည်

ရောက်ရှိလာပြီးနောက် ကျေးရွာရှိဒေသခံများကို ယခုကဲ့သို့ ကင်းစောင်းခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အနှံ့အပြားရှိ စစ်ကောင်းစီခန့်အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြေက်ခြင်း၊ စစ်ကောင်စီတပ်ကိုသတင်းပေးကာ နိုင်ငံရေးအင်းအားစုများကို ဖမ်းဆီးရန်သတင်းပေးပို့ခြင်း တို့ကြောင့် ၂၀၂၂ နောက်ပိုင်း ကစတင်ပြီး အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှုပိုမိုများပြားလာကြောင်းသိရသည်။

ပုံစာ-ကံလှကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းနှင့် ကင်းစောင့်နေကြရသည့် ဒေသခံများ
ဓာတ်ပုံ-(ပေးပို့)
#မကွေး #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ် #ကျေးရွာပတ်ပတ်လည် #အုပ်ချုပ်ရေးမှူး #အဓမ္မကင်းစောင့်ခိုင်း #Ayeyarwaddy_Times