ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ မကြုံစဖူး ဖိအားတွေ ရင်ဆိုင်နေရစဉ် စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်ဟာ ဒီသီတင်းပတ်အတွင်း ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန် ဆမ်နဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်း ထွန်းက ပြောပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ ထပ်တလဲလဲ ကတိ ပြုခဲ့ပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကိုတော့ အသေးစိတ်မပြောပါဘူး။

ထိန်းသိမ်းခံထားရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့် ပြုဖို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့ ဟွန်ဆမ်က ပြောပါတယ်။

သူ့ရဲ့တောင်းဆိုချက်ကို မင်းအောင်လှိုင်က ထည့်သွင်းစဉ်းစားမယ်လို့ ပြောဆိုခဲ့ကြောင်း ဟွန် ဆမ်က ပြောပါတယ်။

ဟွန်ဆမ်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ အတွေ့အကြုံရှိသော ခေါင်းဆောင်တစ်ဉီးဖြစ် တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

“ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်။ အဲဒီရွေး ကောက်ပွဲ ကျင်းပနိုင်ဖို့ လိုအပ်သောအစီအမံတွေ ကျွန်တော်တို့ လက်ရှိမှာ ပြင်ဆင်ပြီး အကောင်အထည် ဖော်နေပါတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကြန့်ကြာစေ သို့မဟုတ် အဟန့်အတားဖြစ် စေနိုင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးတွေကိုမဆို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရှိလျင် စစ်ကောင်စီက ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ စီစဉ်ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ မင်းအောင်လှိုင်က မတ်လအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar junta reiterates election plan after Hun Sen seeks Suu Kyi access

#Ayeyarwaddy_Times