
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ပြီးခဲ့တဲ့အပတ်က သွားရောက်ခဲ့တဲ့ ဖူး ခက်ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံကာ ထိုင်းတောင်ပိုင်း မငြိမ်မ သက်မှုနဲ့ မြန်မာပဋိပက္ခတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖူးခက်ခရီးစဉ်ဟာ အပန်းဖြေခရီးစဉ်တစ်ခုလို့ သက်ဆင်က ဆိုခဲ့ပေမယ့် ခရီးစဉ်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ချိုးဖောက်ခဲ့ခြင်း ရှိ မရှိ မေးခွန်းတွေရှိလာခဲ့ပါတယ်။
ပရာယွပ်ချန်အိုချာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်ကတည်းက ထိုင်းအစိုးရနဲ့ တောင်ပိုင်းရှိ သောင်းကျန်းသူအဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အန်ဝါအီဘရာဟင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်လိုခဲ့တာကြောင့် ထိုင်းတောင်ပိုင်းပဋိပက္ခကို သက်ဆင်က ဆွေးနွေးခဲ့တယ်လို့ ယူဆရပါ တယ်။
အန်ဝါနဲ့ တွေ့ဆုံချိန်မှာ မြန်မာပဋိပက္ခကိုလည်း ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြန်မာပဋိပက္ခ ဖြေရှင်းရာမှာ ပိုမိုပါဝင်ဖို့ အန်ဝါက ထိုင်းနိုင်ငံကို အရင်က တိုက်တွန်းခဲ့ပါ တယ်။
သက်ဆင်ရဲ့ အစောပိုင်းက မြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုကြောင့် သက်ဆင်နဲ့အန်ဝါ ဟာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။
သက်ဆင်က မြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံတာဟာ ပုဂ္ဂိုလ်ရေးအဆင့်သာဖြစ်ပြီး ထိုင်းအစိုးရနဲ့ မသက်ဆိုင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ပြောပါတယ်။
သက်ဆင်ရဲ့ မြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံမှုကို မာရစ်က အသေး စိတ်မပြောပေမယ့် မြန်မာအာဏာပိုင်တွေက သက်ဆင်ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆင်ရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်ဟာ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ပါ တရားဝင်မူဘောင်နဲ့အညီ ဖြစ်သင့်တယ်လို့ နိုင်ငံတကာရေးရာ ကျွမ်း ကျင်သူ ပန်နီတန်ဝပ်တာနာယာဂွန်က ပြောပါတယ်။
သက်ဆင်က လွတ်ငြိမ်းချမ်းသာခွင့်ကို ချိုးဖောက်ပြီး မြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ ခြင်းရှိ မရှိဆိုတာကို စုံစမ်းမယ်လို့ အကျဉ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆာဟာကန်ပတ်ချ်နာရင်က ပြောပါတယ်။
သက်ဆင်ဟာ အစိုးရရ တာဝန်ရှိသူတစ်ဉီး မဟုတ်တာကြောင့် သူ့ရဲ့လုပ်ရပ်က မြန်မာပဋိပက္ခ မှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်တယ်လို့ အထက်လွှတ်တော် လုံခြုံရေးနဲ့ နယ် စပ်ရေးရာကော်မတီ ဉက္ကဌ Move Forward Party ရဲ့ လွှတ်တော်အမတ် ရန်စီမန်ရိုမီက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Thaksin’ met with Malaysia’s Anwar’
#Ayeyarwaddy_Times