
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းရှိ ပမ္မ၀တိီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသော ငပုတောမြို့နယ် NLDပါတီ အလုပ်အမှုဆောင်တစ်ဦး မေလ၉ရက်နေ့တွင် သေဆုံးသွားကြောင်းသိရသည်။
ငပုတောမြို့နယ် မရမ်းကွင်းကျေးရွာတွင် နေထိုင်သော အသက်၅၅နှစ်အရွယ်ရှိ ဦးသန်းထွန်းကို မေလ ၅ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်သားများမှ နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခဲ့ပြီး(၄)ရက်အကြာတွင် ယခုကဲ့သို့ သေဆုံးသွားခြင်း ဖြစါသည်။
” သူ့အလောင်းကို ကျောက်ချောင်းဆေးရုံမှာဆွေမျိုးတွေဆို လာကြည့်နိုင်တယ်လို့ စစ်တပ်ကလာပြီးအကြောင်းကြားတယ်။ ဘာကြောင့်သေရတယ် ဆိုတာတော့ပြောမသွားဘူး။ သူကလူပျိုကြီး တစ်ဦးတည်းနေတာဆွေမျိုးလဲသိပ်မရှိဘူး “ဟု ငပုတောမြို့နယ် NLDပါတီနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဦးသန်းထွန်းသည် ငပုတောမြို့နယ် NLDပါတီ၏ အလုပ်အမှုဆောင် အဖွဲ့၀င်တစ်ဦးဖြစ်ပြီး မေလ ၅ရက်နေ့ညက စစ်ကောင်စီမှ PDFများကို ထောက်ပံမှုများပြုလုပ်သည်ဟု စွပ်စွဲကာ လာရောက်ဖမ်းဆီးခဲ့ကာ သူ့၏ တူမတော်စပ်သူCDMကျောင်းဆရာမ တစ်ဦးကိုပါဖမ်းဆီးသွားကြောင်း သိရသည်။
၄င်းတို့နှစ်ဦးစလုံးကို ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ် တွင်ဖမ်းဆီးထားကာ စစ်ကြောရေး ပြုလုပ်နေခြင်းဖြစ်ပြီး (၄)ရက်အကြာတွင်သေဆုံးခဲ့ ခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာ နှိပ်စက်စစ်ဆေးခြင်းကြောင့်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှသုံးသပ်ပြောဆိုနေကြသည်။
ဓာတ်ပုံ-ဦးသန်းထွန်း၏ ရုပ်အလောင်းထားရှိရာ ကျောက်ချောင်းဆေးရုံ
#ငပုတောမြို့နယ် #NLDပါတီ #အလုပ်အမှုဆောင် #ဦးသန်းထွန်း #စစ်ကောင်စီကဖမ်းဆီး #စစ်ဆေးနေစဉ်သေဆုံး #Ayeyarwaddy_Times