ဧရာဝတီတိုင်းမ်
မေ ၉ ရက်

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်က ဒေါနတောင်တန်းရဲ့ တောနက်တွေထဲမှာ တော် လှန်ရေးတပ်ဖွဲ့တွေဟာ ထိုင်းနယ်စပ်ရှိ အရေးပါသော ကုန်သွယ်ရေး အချက်အချာနေရာတစ်ခုဖြစ်တဲ့ မြ ဝတီမြို့ကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီက စေလွှတ်တဲ့ အင်အားဖြည့်စစ်ကြောင်းတွေကို နောက်ပြန် လှည့်အောင် တိုက်ခိုက်နေပါတယ်။

မြဝတီမြို့နဲ့ မြန်မာနိုင်ငံတွင်းရှိ အခြား မဟာဗျူဟာအရ အရေးပါသောမြို့/ရွာတွေ ထိန်းချုပ်နိုင် ရေးအတွက် လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ဘာတွေဖြစ်လာမလဲဆိုတာက ၃ နှစ်ကျော် ကြာ မြင့်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ကံကြမ္မာကိုဖြစ်တဲ့ သွေးစွန်းသော မြန်မာပဋိပက္ခရဲ့ နောက်တစ် ဆင့်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေ အနေ ရောက်ရှိသွားခဲ့မှုနဲ့အတူ ပေါ်ပေါ်က်လာခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဇွန်လဆန်းမှာ မြန်မာနိုင်ငံတစ်ဝှမ်း မိုးဉီးရာသီ ကျရောက်ပြီဖြစ်လို့ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဟာ မြေပြင်စိုးပိုင်မှုရဖို့ အကန့်အသတ်တွေ ရှိနေပါတယ်။ ယင်းသို့သောရာသီဉတုက လေ ကြောင်းပစ်ကူကို အားထားနေရသော မျက်နှာစာပေါင်းစုံမှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ် ကို အခက်အခဲဖြစ်စေပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မြဝတီမြို့အပါအဝင် အရေးပါသော ကုန်သွယ်ရေးစခန်းတွေနဲ့ စစ် ဘက်စခန်းတွေကို ဟန်ချက်ညီညီ တည်ရှိမှုနဲ့အတူ အင်အားတောင့်တင့်သော အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်နဲ့ တရုတ်နဲ့ထိုင်းနယ်စပ်တစ်လျှောက်ရှိ အခြားပြည်နယ်တွေမှာ စစ်ကောင်စီကို တိုက် ခိုက်နေပါတယ်။

အဲဒီနယ်မြေအချို့ကို စစ်ကောင်စီက မိုးမကျမီ ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းမှာဖြစ်သလို တော် လှန်ရေးတပ်ဖွဲ့တွေကလည်း ထိန်းချုပ်နယ်မြေတွေကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းမယ်လို့ US National War ကောလိပ်မှ ပါမောက္ခတစ်ဉီးဖြစ်သလို အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဇာချာရီအဘူဇာက ပြောပါတယ်။

“လာမယ့်သီတင်းပတ်တွေဟာ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ မဟာဗျူဟာ ရည်မှန်းချက် တွေ ဖြစ်ပါတယ်” လို့ မြဝတီမြို့နဲ့ ရခိုင်ပြည်နယ်ကမြို့တွေ အပါအဝင် မြို့သိမ်းတိုက်ပွဲတွေကို ရည်ညွှန်း ကာ သူက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်း မြန်မာစစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီ စီးပွားရေး ကျဆင်းမှုနဲ့အတူ အာဏာသိမ်းမှုနောက်ပိုင်း အကြီး မားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။

မြန်မာစစ်ကောင်စီဟာ စစ်စခန်းတွေ၊ အခြေစိုက်စခန်းတွေနဲ့ စစ်ဌာနချုပ်တွေ အပါအဝင် စစ်စ ခန်း ၅၂၈၀ ရဲ့ ထက်ဝက်ခန့်နဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ယခင်က ထိန်းချုပ်ထားတဲ့ ပိုင်နက်နယ်မြေ တွေရဲ့ ၆၀ ရာခိုင်နှုန်းကို လက်လွှတ်ခဲ့ရတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ (USIP) ရဲ့ ခန့် မှန်းချက်တွေအရ သိရပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘင်္ဂလား ဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်တွေရှိ အရေးပါသော စစ်စခန်းတွေကို နောက်လာမယ့် ၆ လအ တွင်း ဆုံးရှုံးရနိုင်တယ်လို့ ထိုင်း တာဝန်ရှိသူတစ်ဉီးနဲ့ သံတမန် သတင်းရင်းမြစ်တစ်ခုက လက်ရှိ တိုက်ပွဲ တွေအပေါ် အကဲဖြတ်မှုကို အခြေခံပြီး ပြောပါတယ်။

နယ်စပ်ဒေသတွေကို လက်လွှတ်ရတာကြောင့် စစ်ကောင်စီဟာ အရင်းအမြစ်တွေ ခိုင်မာအောင် ပြုလုပ်ကာ အရေးပါသောနယ်မြေတွေကို ဉီးစားပေးပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ၎င်းတို့က ပြောပါတယ်။ စစ်ကောင်စီဟာ အင်အားချိနဲ့ပြီး တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးမှုတွေရှိနေပေမယ့် တော်လှန်ရေး တပ်ဖွဲ့တွေ ထိခိုက်မှုကြီးမားစေနိုင်တဲ့ လက်နက်ကြီးပစ်ခတ်အားနဲ့ ဗမာအများစုနေထိုင်ရာ အလယ်ပိုင်း ဒေသကို ထိန်းချုပ်နိုင်တယ်လို့ ၎င်းတို့က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အပြင်းအထန် ခုခံတာကြောင့် ပဋိပက္ခ တာရှည်နိုင်တယ်လို့ ချူလာ လောင်ကွန်တက္ကသိုလ်၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ အကြီးတန်းသုတေသီ သစ်တီနန် ပေါင်ဆတ်ဒီရတ်ခ်က ပြောပါတယ်။

“ပဋိပက္ခဟာ တာရှည်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ထိန်းချုပ်မှုဟာ ရေ ရှည်မခံပါဘူး” လို့ သူက မြန်မာနိုင်ငံတွင်း ကစဉ့်ကလျားအခြေအနေကို ရည်ညွှန်းပြီး ပြောပါတယ်။ မြန် မာစစ်ကောင်စီဟာ စစ်မြေပြင်ရှုံးနိမ့်မှုတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံမှုနဲ့ လူထုထောက်ခံမှု မရရှိ ဘူးလို့ သူက ဆိုပါတယ်။

မြဝတီမြို့ကို ဆုံးရှုံးပြီးနောက် မြန်မာစစ်တပ်ဟာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ နယ်စပ်ကုန်သွယ်မှုရှိတဲ့ အဆိုပါမြို့ကို ပြန်သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မြန် မာနိုင်ငံရဲ့ ဝါအရင့်ဆုံး တိုင်းရင်းသားစစ်တပ်တစ်ခုဖြစ်တဲ့ KNU ကလည်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ကို တိုက်ထုတ်နေပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဟာ မြဝတီမြို့ကို ချည်းကပ်နေပေမယ့် KNLA ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီကို ကြားဖြတ်ဟန့်တားပြီး တိုက်ခိုက်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးက ပြောပါတယ်။ “ပြင်းထန်တဲ့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါ တယ်” လို့ သူက ဆိုပါတယ်။

မြဝတီမြို့ရဲ့အနောက်ဘက် ကီလိုမီတာ ၉၀၀ ခန့်အကွာမှာတော့ စစ်ကောင်စီဟာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်မှုကို ခုခံ နေပါတယ်။ ၇၉၃ ကီလိုမီတာရှိတဲ့ မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းဟာ အမ်းမြို့ကို ဖြတ်သွားပြီး မြို့ အနီးမှာ အရေးပါသော ဓာတ်ငွေ့စခန်းတစ်ခု တည်ရှိတာကြောင့် မြန်မာစစ်တပ်ဟာ အမ်းကို ထိန်းချုပ် နိုင်ဖို့ ဘာမဆိုလုပ်လိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

မိုးဦးရာသီဟာ စစ်ကောင်စီရဲ့ အရေးပါသော အားသာချက်ဖြစ်တဲ့ လေကြောင်းပစ်ကူနဲ့ လေတပ် ဖွဲ့က ခဲယမ်းမီးကျောက်ဖြည့်တင်းမှုကို ခက်ခဲရှုပ်ထွေးစေမယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရေးအဖွဲ့ (ICG) ရဲ့ မြန်မာဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။

“တပ်ဖွဲ့တွေပို့ဆောင်ဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထားတဲ့ စစ်စခန်းတွေကို အင် အားဖြည့်တင်းဖို့နဲ့ လေကြောင်းပစ်ကူပေးနိုင်ရေး မိုးဉီးရာသီမှာ ရဟတ်ယာဉ်တွေ မောင်းနှင်ဖို့ ခက်ခဲပြီး အလွန်ကို အန္တရာယ်ရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။

စစ်ကောင်စီက တပ်ဖွဲ့တွေကို စားနပ်ရိက္ခာ၊ ရေ၊ ခဲယမ်းမီးကျောက်နဲ့ ဆေးဝါးပစ္စည်း မဖြည့် ဆည်းပေးနိုင်တာဟာ မကြာသေးမီလတွေအတွင်း တိုင်းပြည်တစ်ဝှမ်း စစ်သားတွေ ဘက်ပြောင်းခိုလှုံမှု ဖြစ်စေခဲ့ပြီး စစ်တပ်ကို စိတ်ဓာတ်ပိုင်းပြိုလဲမှု ဖြစ်စေခဲ့တယ်လို့ အဘူဇာက ပြောပါတယ်။

မိုးဦးရာသီက အောင်ပွဲတွေ ဆက်တိုက်ရရှိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အားသာချက် တစ်ရပ် ဖြစ်လာနိုင်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အ ရေးပါသော ညှိနှိုင်းဆောင်ရွက်မှု ကင်းမဲ့နေဆဲပဲလို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေကြား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုက အချိန်ယူရပေမယ့် အဲဒါက မြန်မာပဋိပက္ခရလဒ်အတွက် အဆုံးအဖြတ်ပေးသော အချက်တစ်ချက် ဖြစ်လာမယ်” လို့ USIP မှ ရဲမျိုးဟိန်းက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဟာ လက်ရှိမှာ တိုင်းပြည်အလယ်ပိုင်းရှိ မြို့ကြီးတွေကိုသာ ထိန်းချုပ်နိုင်တော့တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဉီးကျော်ဇောက ပြောပါတယ်။ “စစ် ကောင်စီဟာ နေရာတိုင်းမှာ ခြိမ်းခြောက်ခံနေရတယ်” လို့ သူက ဆိုပါတယ်။

မေလ ၈ ရက်ထုတ် Bangkok Post သတင်းစာမှာ ဖော်ပြထားတဲ့ Reuters သတင်းဌာနရဲ့ Next few months crucial in Myanmar war ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times