
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၈ ရက်
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွာရေးဇုံတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဝင်ရောက် ပစ်ခတ်၍ ရဲကင်းစခန်းအားမီးရှို့ဖျက် ဆီးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (A Zero PDF) ထံက သိရသည်။
နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုံ ရေနက်ဆိပ်ကမ်းတွင် တပ်စွဲထာသော ရဲစခန်းနှင့်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေလ ၅ ရက် နံနက်ပိုင်းက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
“ထားဝယ် အထူးစီးပွားရေးဇုန် မှာတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ ရဲကင်းစခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ သူတို့ (စစ်ကောင်စီတပ်) ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေများစွာရှိတယ်” ဟု A Zero PDF မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိသော်လည်း အရေအတွက် အတိအကျကိုမူ သိရှိရခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( A Zero PDF )မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာ လာနိုင်ခဲ့ကြောင်းသိရသည်။
ပုံစာ-ထားဝယ်အထူးစီးပွားရေးဇုန်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့စဥ်။
#ထားဝယ်အထူးစီးပွားရေးဇုံ #တပ်စွဲ #စစ်ကောင်စီစစ်ဆေးရေးဂိတ် #PDFတပ်ဖွဲ့များ #ဝင်ရောက်ပစ်ခတ် #ရဲကင်းစခန်း #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times