ဧရာဝတီတိုင်းမ်
မေ ၈ ရက်

သူနဲ့ မြန်မာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြား အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ နိုင်ရေး စီစဉ်ပေးဖို့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်က အာဏာ သိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုလိုက်ပါတယ်။

မေလ ၇ ရက်ကပြုလုပ်တဲ့ စစ်ကောင်စီဉက္ကဌ မင်းအောင်လှိုင်နဲ့ အွန်လိုင်းတွေ့ဆုံမှုတစ်ခုမှာ ဟွန်ဆမ်က အခုလို တောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံတွင်း မကြာသေးမီက တိုးတက်မှုအခြေအနေတွေ ကို မျှဝေဖို့ အစည်းအဝေးကို ကျင်းပခဲ့တာပါ။

ဟွန်ဆမ်ဟာ ၂၀၂၂ ခုနှစ် အာဆီယံဉက္ကဌကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာ့ အရေး ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့်ကြား အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံနိုင်ရေး စဉ်းစားပေးဖို့ ကျွန်တော်က မင်းအောင်လှိုင်ကို နောက်တစ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန် တော်ဟာ နှစ်ပေါင်းများစွာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ပြီး အာဆီယံရေးရာတွေကို ဆွေးနွေးခဲ့ဖူးပါ တယ်” လို့ သူက ဆိုပါတယ်။

အစည်းအဝေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ဆောင်မှု အရေးပါကြောင်း ဟွန်ဆမ်က ပြောကြားခဲ့ပြီး အဆိုပါတူညီဆန္ဒ ဖော်ဆောင်မှုက မြန်မာနိုင်ငံကိုယ်တိုင် ငြိမ်းချမ်းရေးရှာဖွေမှုလုပ်ငန်းစဉ်ကို အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလအတွင်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးကိုယ်စား လှယ်မဟုတ်သူတစ်ဉီး စေလွှတ်တဲ့ မြန်မာစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဟွန်ဆမ်က ကြိုဆိုခဲ့ပြီး အ ရေးပါသော အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ဆက်လက်ခန့်အပ်ဖို့ အားပေးခဲ့ပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်တွေ ဆက်လက် စေလွှတ်ဖို့ မင်းအောင်လှိုင်က သဘောတူခဲ့ပြီး အခြားအဆိုပြုချက်တွေကို အတတ်နိုင်ဆုံး ထည့်သွင်းစဉ်းစားဖို့ က တိပြုခဲ့တယ်လို့ သိရပါတယ်။

အဆိုပြုချက်တွေကို ဆက်လက်ဆွေးနွေးဖို့နဲ့ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာရှိ သော ရွေးကောက်ပွဲတစ်ရပ် ဘယ်လိုကျင်းပတယ်ဆိုတဲ့ အတွေ့အကြုံလေ့လာရေး မကြာမီ ကမ္ဘောဒီး ယားသို့ အထူးကိုယ်စားလှယ်တစ်ဉီး စေလွှတ်မယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ကိုးကား – The Phnom Peng Post
Ref; Hun Sen requests video meeting with Aung San Suu Kyi

#Ayeyarwaddy_Times