
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင်ရှင်နာဝပ်ရဲ့ မြန်မာ တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေဟာ ပုဂ္ဂိုလ်ရေးအဆင့်သာဖြစ်ပြီး ထိုင်းအစိုးရရဲ့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒမဟုတ်ဖူးလို့ နိုင်ငံခြား ရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပေါင်ဆာက ယနေ့ ပြောကြားလိုက်ပါတယ်။
သက်ဆင်နဲ့ တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်တွေကြား တွေ့ဆုံဆွေးနွေးမှုကို သူက မငြင်းဆန် ခဲ့ပေမယ့် မြန်မာစစ်ကောင်စီရဲ့ ပြည်တွင်းရေးရာတစ်ခုသာဖြစ်ပြီး ထိုင်းအစိုးရက မပါဝင်ဘူးလို့ သူက ဆိုပါတယ်။
“သက်ဆင်ဟာ လူသိများပြီး အဆက်အသွယ်တွေ ရှိပါတယ်။ ပြဿနာတွေကို သူက ဖြေရှင်းနိုင် မယ်လို့ မြန်မာနိုင်ငံက ယူဆပါတယ်” လို့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမတိုင်မီ အစိုးရအိမ်တော် မှာ သူက ပြောပါတယ်။
“မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေက သူနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုမှာ ထိုင်းအစိုးရက မ ပါဝင်ခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးရာမူဝါဒဟာ မပြောင်းလဲဘဲ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု၊ အာဆီ ယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ပြန် လည်ရင်ကြားစေ့ရေးအပေါ် ဗဟိုပြုတယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာပဋိပက္ခ တာရှည်လာပါက ထိုင်းနိုင်ငံကို တိုက်ရိုက် သက်ရောက်မှာဖြစ်ပြီး ပဋိပက္ခ အဆုံး သတ်ရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပေမယ့် အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါ တယ်။
အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရာမှာ ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရလို့ နိုင်ငံခြားရေးဝန် ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့တဲ့ ပန်ပရီးဘာဟက်ဒါနူကာရာရဲ့နေရာမှာ မာရစ်ကို အစားထိုးခဲ့တာဖြစ်ပါ တယ်။
သက်ဆင်ရှင်နာဝပ်နဲ့ ကာလရှည်ကြာ ပတ်သက်ခဲ့ဖူးတဲ့ မာရစ်ဟာ အငြိမ်းစား သံတမန်တစ်ဉီး လည်း ဖြစ်ပါတယ်။
ကိုးကား – Bangkok Post
Ref; Foreign minister comfy with Thaksin’s intervention in Myanmar
#Ayeyarwaddy_Times