ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNU တပ်မဟာ ၆ ထိန်း ချုပ်နယ်မြေ ဝေါ်လေသုံးထပ်ကွေ့ဒေသအတွင်း တိုက် ခိုက်နေသော စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက် အောက်ခံ ခမရ ၂ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး CDM ပြုလုပ်အလင်းဝင်လာကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့တွင်ထုတ်ပြန် သည်။
CDM ပြုလုပ်အလင်းဝင်ရောက်လာသူများမှာ မွန်ပြည် နယ်၊ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၂ မှ တပ်ကြပ်ကြီး ဇော်မင်းဦး၊တပ်သားဟိန်းစိုး၊ တပ်သား စိုးဝင်း၊ တပ်သား ဇော်ဇော် တို့ဖြစ်ပြီး စစ်မှုထမ်းသက် ၁၀ နှစ်မှ ၃၀ နှစ်အကြား စစ်ကောင်စီတပ်သားများဖြစ် ကြောင်းသိရသည်။
CDM ပြုလုပ်ခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် များအား လုံခြုံဘေးကင်းသော နေရာတွင်ထားရှိထားပြီး စားဝတ်နေရေးအဆင်ပြေစေရေး ကောင်းမွန်စွာ စီမံထားရှိထားသည်ဟု ကော်ဘရာကဆို သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တပ်မ ၄၄ လက် အောက်ခံ မွန်ပြည်နယ်၊မုတ္တမ ခမရ ၁၀၂ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDMပြုလုပ်လာမှုအပါအဝင် တလအတွင်း CDMပြုလုပ်လာသူ ၁၀ ဦးအထိရှိလာပြီဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ – Cobra Colum