ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၆ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလန နယ်မြေရဲစခန်းစစ်ဆေးရေးဂိတ်ကို ဒီကနေ့ သြဂုတ်လ ၆ ရက် မနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက်အစော ၆ နာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင်လူတစုက ပလန နယ်မြေရဲစခန်း စစ် ဆေး ရေးဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန် အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဂိတ်စောင့်ရဲ ၁ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
“ ဒီနယ်မြေရဲစခန်းထဲဝင်တဲ့ဂိတ်မဟုတ်ဘူး၊မီးသတ်နဲ့တွဲထား တဲ့ပလနစစ်ဆေးရေးဂိတ်ကိုဝင်ပစ်တာ။ တိုက်ပွဲအသေးစားပုံစံ အပြန်အလှန်တွေပစ်သံကြားရတယ်။ ဂိတ်စောင့်ရဲဒုတပ်ကြပ် ၁ယောက်သေတယ်လို့သိရတယ်” ဟု မြစ်ကြီးနားမြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖြစ်စဥ်အတွင်း သေဆုံးသွားသည့် ရဲဒုတပ်ကြပ်၏ သေနတ်အား လာရောက်ပစ်ခတ်သူများက ယူဆောင်သွားသည်ဟုဒေသခံများကပြောဆိုနေသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ် ဆောင် သည်ကို ဒေသတွင်းကာကွယ်တပ်ဖွဲ့များက တစုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြစ်ကြီးနားမြို့အတွင်း ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းဒေသခံများထံကသိရသည်။
ဓါတ်ပုံ – The 74