
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
သမ္မတ ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်မယ့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင် ခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာနက မေလ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။
ယူကရိန်း စစ်ဘက်အရာရှိကြီးနှစ်ဉီးကို ထိန်းသိမ်းခဲ့ပြီး ၎င်းတို့ဟာ ရုရှားနိုင်ငံကိုယ်စား အလုပ် လုပ်ပေးခဲ့တာလို့ ယူကရိန်း ထောက်လှမ်းရေးဌာနက စွပ်စွဲခဲ့ပါတယ်။
အဆိုပါပုဂ္ဂိုလ်နှစ်ဉီးမှာ နိုင်ငံတော်အစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီးတွေဖြစ်ပြီး နိုင်ငံတော်သစ္စာ ဖောက်မှု သံသယနဲ့ ၎င်းတို့ကို ထိန်းသိမ်းခဲ့တာလို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
လျှို့ဝှက်ပူးပေါင်းကြံစည်မှုမှာ သမ္မတ ဇီလန်စကီး၊ ထောက်လှမ်းရေးဌာန အကြီးအကဲ ဗာဆိုင်း မာလစ်၊ စစ်ထောက်လှမ်းရေးအကြီးအကဲ ခိုင်ရီလိုဘူဒါနော့ဗ်တို့ကို လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ် လည်း ပါဝင်တယ်လို့ ထောက်လှမ်းရေးဌာနက ပြောပါတယ်။
သံသယရှိသူတွေဟာ ရုရှားတွေထံ သတင်းအချက်အလက်တွေ မပေးပို့မီ ပစ်မှတ်တွေရဲ့ လှုပ်ရှား မှုတွေနောက်ကို လိုက်ခဲ့ပြီး ဒုံးကျည်၊ ဒရုန်းတိုက်ခိုက်မှုနဲ့ လုပ်ကြံဖို့ ယူဆရကြောင်း ယူကရိန်း စုံစမ်းစစ် ဆေးရေးမှူးတွေက ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်မှုတွေဟာ သမ္မတသက်တမ်းသစ် စတင်မယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်အ တွက် လက်ဆောင်တစ်ခုဖြစ်မယ်လို့ ယူဆရပေမယ့် စစ်ဆင်ရေးဟာ မအောင်မြင်ခဲ့ဖူးလို့ ထောက်လှမ်း ရေးဌာန အကြီးအကဲ ဗာဆိုင်းမာလစ်က ဆိုပါတယ်။
တစ်ဖက်ရန်သူဟာ အင်အားတောင့်တင်းပြီး အတွေ့အကြုံရှိတာကြောင့် လျှော့တွက်လို့မရဘူး လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Ukraine foils Zelenskyy assassination plot
#Ayeyarwaddy_Times