
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
အွန်လိုင်းလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၉၂ ဦးကို မြန်မာမှ တရုတ်နိုင်ငံသို့ လွှဲ ပြောင်းပေးခဲ့တယ်လို့ တရုတ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မေလ ၇ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်နောက်ပိုင်း တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန် လိုင်းရာဇဝတ်မှုတွေ တိုက်ဖျက်ရာမှာ မြန်မာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ပါတယ်။
ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၄၉၀၀၀ ဉီးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၉၂ ဦးကို သက်ဆိုင်ရာ အထောက်အ ထားတွေ၊ ပစ္စည်းကိရိယာတွေနဲ့အတူ တရုတ်နိုင်ငံသို့ ပြန်ပို့ဆောင်ခဲ့ပါတယ်။
အွန်လိုင်းရာဇဝတ်မှုတွေ နှိမ်နင်းမှု အရှိန်မြှင့်တင်မယ့် နိုင်ငံတကာနဲ့ နယ်စပ်ဒေသ တရားဉပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့်ကြိုးပမ်းမှုတွေ ပိုမိုလုပ်ဆောင်ဖို့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ကတိပြုခဲ့ပါတယ်။
တရုတ်နိုင်ငံက ကျားဖြန့်လုပ်ငန်းနဲ့ ကျားဖြန့်လုပ်ကိုင်သူတွေအပေါ် ဖြိုခွင်းမှုတွေ ပိုမိုလုပ် ဆောင်ဖို့ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးလာပါတယ်။
ကိုးကား – Shine
Ref; 92 telecom, online fraud suspects handed over to China by Myanmar
#Ayeyarwaddy_Times