
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ပင်လယ်ပြင်မှ ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်တဲ့ လေ့ကျင့်မှုပြုလုပ်ဖို့ အမေရိကန်နဲ့ ဖိလစ် ပိုင်စစ်တပ်တွေဟာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ကို မျက်နှာမူနေတဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အိုင်လိုကော့နော်တေးပြည်နယ် ကမ်းရိုးတန်းမှာ တနင်္လာနေ့က ပြုလုပ်ခဲ့တာပါ။
ကမ်းရိုးတန်းမှ တစ်ကီလိုမီတာအကွာမှာရှိတဲ့ ပစ်မှတ်တစ်ခုကို တင့်ဖျက် Javelin ဒုံးကျည်တွေ၊ ဟောင်ဝှစ်ဇာအမြောက်တွေ ပစ်ခတ်ခဲ့ပြီး ရန်သူ့တပ်ဖွဲ့တွေ ကမ်းမတက်နိုင်အောင် စက်သေနတ်တွေ ပစ်ခတ်ခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ မြင့်တက်နေစဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာ ပါ။ ဧပြီလ ၃၀ ရက်မှာ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေက အငြင်းပွား စကားဘရော့ကျွန်းအ နီး ဖိလစ်ပိုင် ကင်းလှည့်ရေယာဉ်တွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံကြောင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်တယ်ဆိုတာကို အမေရိကန် စစ်ဘက်အရာရှိတစ် ဉီးက ငြင်းဆန်ခဲ့ပေမယ့် ကာကွယ်ရေးစာချုပ်အရ အမေရိကန်နိုင်ငံဟာ ဖိလစ်ပိုင်ကို ကာကွယ်ပေးရ မယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံစစ်တပ်တွေဟာ သဘောတူညီချက်ကို အခြေခံပြီး တာဝန်တွေ ဆောင်ရွက်ဖို့ စစ်ရေး လေ့ကျင့်မှုအားလုံးက ရည်ရွယ်တာလို့ သူက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေကို ရင်ဆိုင်ရာမှာ မြန်ဆန်စွာ တုံ့ပြန် နိုင်မယ့် စွမ်းရည်တွေကို နှစ်နိုင်ငံစစ်တပ်တွေက ပြသဖို့ ကြိုးစားနေပါတယ်။
ကိုးကား – NHK
Ref; US, Philippines conduct live-fire drill on South China Sea coast
#Ayeyarwaddy_Times