ဧရာဝတီတိုင်းမ်
မေ ၆ ရက်

ဧရာ၀တိီတိုင်း ၊ ပုသိမ်မြို့တွင် ရှိသော စာသင်ကျောင်းလေးကျောင်းနှင့် အားကစားကွင်း နှစ်ခုတွင်ရှိသော ဈေးဆိုင်ခန်းများကို မေလ ကုန်အပြီး ဖျက်သိမ်းရန် စစ်ကောင်စီ ကအကြောင်းကြားစာပေးပ်ို့ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်းနှင့် ကိုးသိန်းအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းများ ၊ အထက (၃)၊(၉)၊ (၁၁)နှင့် အလက ၂မှ စုစုပေါင်း ဆိုင်ခန်း ၄၀၀နီးပါးကို စစ်ကောင်စီ မှ ဖျက်သိမ်းခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

” အရင်က ၀န်ထမ်းသက်သာဆိုပြီး ဆိုင်ခန်းတွေကို ဆောက်ပြီး ရောင်းခဲ့တာ။ နှစ်၂၀ကျော် နေပါပြီ။ ခုတော့ ကျူးကျော်တွေဆိုပြီးဖျက် ခိုင်း ပြန်ပြီ။ ပုသိမ်မှာ ဆိုင်ခန်းတစ်ခု ပြန်ရပ်တည်ဖို့ မလွယ်ပါဘူး အကုန်ဒုက္ခရောက်ကုန်မှာ”ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ အကြောင်းကြားစာတွင် ကျောက်တိုင်အားကစားကွင်းနှင့် ကိုးသိန်းကွင်းကို ကွင်းအဆင့်မြှင့်တင်ရန်အတွက် ဆိုင်ခန်းများကိုဖျက်သိမ်းခိုင်းပြီး ၊ စာသင်ကျောင်းများဘေးရှိ ဆိုင်ခန်းများကို ကျူးကျော်ဟုဆိုကာ ဖျက်သိမ်းခိုင်းခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်စာသင်ကျောင်းများရှိ ဈေးဆိုင်ခန်းများမှာ မေလ (၂၆)ရက်နေ့အတွင်း ပြောင်းရွှေ့ရန် နှင့် အားကစားကွင်းများရှိ ဆိုင်ခန်းများကိုမေလ(၃၁)ရက်ထိ အချိန်ပေးထားသည်။

#ပုသိမ်မြို့ #အားကစားကွင်း #ကိုးသိန်းကွင်း #ကျောက်တိုင်ကွင်း #စာသင်ကျောင်း #ဆိုင်ခန်း၄၀၀ခန့်ကို #စစ်ကောင်စီကဖျက်ခိုင်း #Ayeyarwa