
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးကို အလိုရှိစာရင်းမှာ ထည့်သွင်းလိုက်ပြီလို့ ရုရှား ပြည်ထဲရေးဝန် ကြီးဌာနက ပြောပါတယ်။
ယူကရိန်းသမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကိုနဲ့ ယူကရိန်း မြေပြင်တပ်ဖွဲ့ရဲ့တပ်မှူး အလက်ဇန္ဒား ပက်ဗ်လီယက်ခ်တို့ကိုလည်း အလိုရှိစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံသယဖြစ်ဖွယ်ရာ စစ်ရာဇဝတ်မှုတွေအတွက် ရု ရှားသမ္မတ ဗလာဒီမာပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဆီးဝရမ်း ထုတ်ပြန်တာ ကို ရည်ညွှန်းကာ အလိုရှိစာရင်း ထုတ်ပြန်တဲ့နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။
ဇီလန်စကီးကို အလိုရှိစာရင်းမှာ ထည့်သွင်းတာဟာ ရုရှားနိုင်ငံရဲ့ ကြံရာမရဖြစ်မှုကို ပြသနေတာ လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ အလိုရှိစာရင်း ထုတ်ပြန်မှုဟာ သတင်းစစ်ဆင်ရေးနဲ့ အနောက်လိုလားတဲ့ ယခင်နဲ့ လက်ရှိယူကရိန်းအစိုးရတွေကို သိက္ခာချဖို့၊ ယူကရိန်းနိုင်ငံကို သံတမန်ရေးရာအရ အထီးကျန်စေတဲ့ ကြိုး ပမ်းမှုတွေဖြစ်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် Institute for the Study of War က ပြောပါတယ်။
ပူတင်ရဲ့ ရုရှားသမ္မတအဖြစ် ပဉ္စမသက်တမ်းဟာ အင်္ဂါနေ့မှာ စတင်မှာဖြစ်ပါတယ်။ ရုရှားနိုင်ငံ ဟာ ကြာသပတေးနေ့မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ Victory Day ကျင်းပမှာဖြစ်ပါတယ်။
ယူကရိန်း အကြီးအကဲတွေကို အလိုရှိစာရင်းသွင်းတာဟာ ပူတင်ရဲ့ နောက်သက်တမ်းနဲ့ Victory Day နှစ်ပတ်လည်နေ့မတိုင်မီ ယူကရိန်းကျူးကျော်စစ်ကို တရားမျှတကြောင်းပြသတဲ့ ကြိုးပမ်းမှုတစ်ခု အဖြစ် လေ့လာသူတွေက ရှုမြင်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၉၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းစစ် တပ်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့သလို ရုရှားနိုင်ငံကလည်း ယူကရိန်းအရှေ့ပိုင်းမှာ ထိုးစစ်ဆင်မှု အရှိန် မြှင့်လျက်ရှိပါတယ်။
ကိုးကား – NHK
Ref; Russia puts Ukrainian President Zelenskyy on wanted list
#Ayeyarwaddy_Times