ဧရာဝတီတိုင်းမ်
မေ ၆ ရက်

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်နေစဉ် ဒီသီတင်းပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ အ ရေအတွက်ဟာ ၃ သန်းကျော်အထိ ရှိလာခဲ့ပြီး ၆ လအတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တာလို့ မြန်မာ နိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၃ သန်းအနက် ၂ ဒသမ ၇ သန်းကျော်ဟာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် ထွက်ပြေးရသူတွေ ဖြစ်ပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေရဲ့ သုံးပုံတစ်ပုံဟာ ပဋိပက္ခကြောင့် ပညာရေးနဲ့ အနာဂတ်တွေ ပြောင်းပြန်ဖြစ်ကုန်တဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း တိုင်းပြည်အနှံ့အပြား တိုက်ပွဲတွေ ပြင်းထန်လာလို့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ မြန်ဆန်စွာ များပြားလာခဲ့တာပါ။

ပဋိပက္ခမှာမပါဝင်တဲ့ အရပ်သားတွေဟာ တန်ဖိုးအကြီးမားဆုံး ပေးဆပ်နေရပြီး အများစုဟာ ရွေးချယ်စရာမရှိလို့ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးသူတွေဟာ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် ရှင်သန်ဖို့ ရုန်း ကန်နေရပြီး ကလေးငယ် ၆ သန်း အပါအဝင် အကူအညီလိုအပ်သူ အရေအတွက်ဟာ ၁၈ ဒသမ ၆ သန်း ရှိပါတယ်။

ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ရှောင် ၁ ဒသမ ၅ သန်းနီးပါးနဲ့ အရေအ တွက် အများဆုံးရှိပြီး ကယား၊ ကရင်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မွန်ပြည်နယ်တွေ၊ ပဲခူးနဲ့ တနင်္သာရီ တိုင်းဒေသကြီးမှာ စစ်ဘေးရှောင် ၉၀၀၀၀၀ ကျော်၊ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ၃၅၆၀၀၀ ဦး ရှိပါ တယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ဘေးရှောင် ၅၀၀၀၀၀ နီးပါး အပါအဝင် အကူအညီလိုအပ်သူ ပြည်သူ ၉၅၀၀၀၀ ခန့်ကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေနဲ့ အကူအညီ လိုအပ်သူတွေကို ပံ့ပိုးကူညီမယ့် ရန်ပုံငွေဟာ လိုအပ်ချက်ရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရရှိသေးတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – UNOCHA Myanmar
Ref; MORE THAN 3 MILLION PEOPLE FORCED TO FLEE THEIR HOMES IN MYANMAR

#Ayeyarwaddy_Times