
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
အစ္စရေးအစိုးရက ဂြိုဟ်တုရုပ်သံသတင်းဌာန အယ်လ်ဂျာဇီးယားရဲ့ သတင်းထုတ်လွှင့်မှုတွေကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
နေတန်ယာဟုဟာ တနင်္ဂနွေနေ့က လူမှုကွန်ရက်မှာ အခုလို ကြေညာခဲ့တာဖြစ်ပြီး ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနဟာ အကြမ်းဖက်မှုတွေ လှုံ့ဆော်ပေးတဲ့ ချန်နယ်တစ်ခုဖြစ် တယ်လို့ ဆိုပါတယ်။
အယ်လ်ဂျာဇီးယားသတင်းဌာနကလည်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ အစ္စရေးအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။ “ဒီလုပ်ရပ်ဟာ အစ္စရေးနိုင်ငံရဲ့ လွတ်လပ်သော မီဒီယာတွေအပေါ် ဖိ နှိပ်မှုဖြစ်ပြီး ဂါဇာဒေသက သူ့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်လိုတဲ့ ကြိုးပမ်းမှု၊ နိုင်ငံတကာ လူသားချင်းစာနာ မှု ဉပဒေ ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အစ္စရေးနိုင်ငံရဲ့ သတင်းထောက်တွေကို သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ အကျပ်ကိုင်မှုနဲ့ ခြိမ်းခြောက်မှု တွေက အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ သတင်းရေးသားဖို့ ကတိကဝတ်ကို ဟန့်တားနိုင်မှာမဟုတ်ဖူး လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရတဲ့ ပြည်ပမီဒီယာ အဖွဲ့အစည်း တွေကို အစိုးရအား ထိန်းချုပ်ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို အစ္စရေးလွှတ်တော်က ပြီးခဲ့တဲ့လအတွင်း အ တည်ပြုခဲ့ပါတယ်။
အဆိုပါဉပဒေကြောင့် အစ္စရေးအစိုးရက ပြည်ပမီဒီယာအဖွဲ့အစည်းတွေကို ယာယီ ပိတ်သိမ်းခွင့်၊ သတင်းထုတ်လွှင့်မှု တားဆီးခွင့်၊ ဝဘ်ဆိုဒ်တွေကို ပိတ်ပင်ခွင့်နဲ့ ရုပ်သံထုတ်လွှင့်ပစ္စည်းတွေကို သိမ်း ဆည်းခွင့်ပြုတယ်လို့ အယ်လ်ဂျာဇီးယားသတင်းဌာနက ဆိုပါတယ်။
အယ်လ်ဂျာဇီးယားသတင်းဌာနဟာ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု တွေကို သတင်းဖော်ပြဖို့ လက်ရှိပဋိပက္ခ စတင်ကတည်းက ဂါဇာဒေသမှ နေ့စဉ် သတင်းတွေ ထုတ်လွှင့် ခဲ့ပါတယ်။
နေတန်ယာဟုက အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ ထုတ်လွှင့်မှုတွေကို ဝေဖန်ခဲ့ပြီး ဥပဒေသစ် ဟာ အယ်လ်ဂျာဇီးယားသတင်းဌာနကို ပစ်မှတ်ထားခဲ့တာလို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Netanyahu govt. decides to close Al Jazeera offices in Israel
#Ayeyarwaddy_Times