
ဧရာဝတီတိုင်းမ်
မေ ၅ ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်း (၁၆) ရပ်ကွက်တွင် ပျူစောထီးနှင့် လူမိုက်များပူးပေါင်းကာ လောင်းကစားရုံဖွင့်ထားပြီး တိုင်ကြားသူ ရပ်ကွက်နေပြည်သူများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ လောင်းကစားရုံသည် ကျန်စစ်သားလမ်း (၁၆) ရပ်ကွက်၊ အိမ်အမှတ် ၁၉၀၈ အိမ်နေရာတွင်ရှိပြီး လှိုင်သာယာ ပျူစောထီးများနှင့် အင်းစိန်ကမ်းနားလူမိုက်များ ပူပေါင်း၍ ဖွင့်လှစ်ထားသည့် လောင်းကစားရုံဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ပတ်ဝန်းကျင်ကိုယ်မထီမဲ့မြင်ပြုလုပ်ပြီးဖွင့်ထားတော့ လမ်းအတွင်း ခိုးဆိုးလုနှိုက် တွေအလွန်ပေါများလာပါတယ်။ ရပ်ကွက်ကလူတွေက သက်ဆိုင်ရာနယ်မြေရဲစခန်းကို တိုင်ကြားကြပေမယ့် တိုင်ကြားသူရဲ့အမည်များကိုပြောပြီး ပြဿနာရှာနေကြတယ်”ဟု ကျန်စစ်သားလမ်းရှိဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။
အဆိုပါ ကျန်စစ်သားလမ်း (၁၆) ရပ်ကွက်လမ်းတစ်လျှောက်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ အများစုနေထိုင်ပြီး ထိုလောင်းကစားရုံမှာ နယ်မြေရဲ စခန်း၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။
ထိုသို့ လောင်းကစားရုံဖွင့်လှစ်ထားရှိခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လှိုင်သာယာမြို့နယ်ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးသို့ စာပို့ တိုင်ကြားထားသော်လည်း လက်ရှိအချိန်ထိ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိသလို အရေးယူမှုတစ်စုံတစ်ရာ မရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ကြက်ဝိုင်း၊ လေးကောင် ဂျင်ဝိုင်း၊ ခြောက်ကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းများကို လိုင်းကြေးယူကာ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာသည့်အပြင် ဘုရားများတွင်လည်း ဘုရားပွဲကို အကြောင်းပြ၍ လောင်းကစား ဝိုင်းမျိုးစုံကို ထည့်သွင်း ပြု လုပ်လာကြောင်း သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ကျန်စစ်သားလမ်း (၁၆) ရပ်ကွက်ရှိ လောင်းကစားရုံ
#လှိုင်သာယာ #ပျူစောထီးများ #လူမိုက်များပူးပေါင်း #လောင်းကစားရုံဖွင့် #တိုင်ကြားသူများ #သတ်ပစ်မည် #ခြိမ်းခြောက် #Ayeyarwaddy_Times
Boost this p