
ဧရာဝတီတိုင်းမ်
မေ ၅ ရက်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံကို တရားစွဲဆိုထားမှုမှာ အမြန်ဆုံး ဆုံးဖြတ်ချက်ချရေး သက်သေထွက်ဆိုပေးဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံက ပြောကြားလိုက်ပါတယ်။
ဂမ်ဘီယာနိုင်ငံမှာကျင်းပတဲ့ ၁၅ ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ထိပ်သီးဆွေးနွေးပွဲမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်ဆန်မာမွတ်နဲ့ ဂမ်ဘီယာ တရားရေးဝန်ကြီးနဲ့ ရှေ့ နေချုပ် အေဂျဲလိုးတို့ တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။
အဓမ္မ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှုရှိစာ ခိုလှုံခွင့်ပြုတဲ့အ တွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ရှိကြောင်း အေဂျဲလိုးက ပြောပါတယ်။
ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကိုင်တွယ်ဖြေရှင်းဖို့ ဂမ်ဘီယာနိုင်ငံသို့ ငွေကြေးအကူအညီ ထောက်ပံ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ရိုဟင်ဂျာအကျပ်အတည်းအတွက် တာရှည်ခံသော အဖြေရှာနိုင်ရေးအတွက် ရိုဟင်ဂျာတွေကို မိ ခင်တိုင်းပြည် မြန်မာသို့ ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ဟတ်ဆန်မာမွတ်က ပြောပါတယ်။
ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ လက်ရှိ ဖြစ်နိုင်ချေကို ဂမ်ဘီယာ တရားရေးဝန်ကြီးက ရှင်း ပြခဲ့ပြီး မြန်မာနိုင်ငံကို တရားစွဲဆိုထားမှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ သက်သေပြနိုင်ဖို့ ယုံကြည် တယ်လို့ ဆိုပါတယ်။
ICJ မှာ မြန်မာနိုင်ငံကို စွဲချက်တင်ထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တရားစွဲမှု ဆက်ပြုလုပ်ရာမှာ ရန်ပုံငွေမလောက်ငှမှု ပြဿနာကိုလည်း သူက ရှင်းပြခဲ့ပါတယ်။
အမှုကို တရားစွဲမှု ဆက်ပြုလုပ်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဂမ်ဘီယာသို့ လိုအပ်သော ဥပဒေ အကူအညီနဲ့ အထောက်အထားတွေ ပံ့ပိုးပေးဖို့ ဟတ်ဆန်မာမွတ်က ကတိပြုခဲ့ပါတယ်။
ကိုးကား – BSS News
Ref; Bangladesh, Gambia for speedy resolution of Myanmar case at ICJ
#Ayeyarwaddy_Times