
ဧရာဝတီတိုင်းမ်
မေ ၅ ရက်
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေက နိုင်ငံရေး မတည် ငြိမ်မှုတွေကြောင့် ဒီနှစ် နယ်စပ်ကုန်သွယ်ရေးဟာ ၁ ရာခိုင်နှုန်းသာ တိုးတက်လာဖို့ ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရည်မှန်းနေပါတယ်။
ပြီးခဲ့တဲ့နှစ်က နယ်စပ်ကုန်သွယ်ရေးပမာဏဟာ ဘတ် ၁ ဒသမ ၇၄ ထရီလီယံအထိ ၂ ဒသမ ၆ ရာခိုင်နှုန်း လျှော့နည်းသွားခဲ့လို့ ဒီနှစ်မှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့ ရည်မှန်းထား တယ်လို့ ပြည်ပကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောပါတယ်။
“ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ လာအိုမှာ ငွေကြေးလဲလှယ်နှုန်း အားနည်းခြင်းနဲ့ မြန်မာပဋိ ပက္ခဖြစ်ပွားခြင်းနဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ကိုယ်ကျိုးဝါဒ အစီအမံတွေကြောင့် နယ်စပ်ကုန်သွယ် ရေး ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ ပို့ကုန်ပမာဏ တိုးမြှင့်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခက ထိုင်းနဲ့မြန်မာကြား နယ်စပ်ကုန်သွယ်ရေးကို ပိုမို ကျ ဆင်းစေတဲ့ စိုးရိမ်မှုဖြစ်စေပြီး ပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးကို သက်ရောက်မှုဖြစ်စေနိုင်တယ် လို့ သူက ဆက်ပြောပါတယ်။
ကုန်သွယ်မှု အဆင်ပြေစေရေးအတွက် တစ်ခါသုံးလိုင်စင်တွေ ထုတ်ပေးတားနဲ့ နယ်စပ်စစ်ဆေး ရေးဂိတ်တွေအားလုံး အသုံးပြုတာ အပါအဝင် မြန်မာစစ်ကောင်စီ အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အရှိန်မြှင့်ဖို့ ပုဂ္ဂလိကကဏ္ဍက အဆိုပြုခဲ့ပါတယ်။
ထိုင်းနဲ့မြန်မာကြား နယ်စပ်ကုန်သွယ်မှုပမာဏဟာ မတ်လအတွင်း ဘတ် ၁၉ ဒသမ ၇ ဘီလီယံ အထိ ရှိခဲ့ရာ နှစ်အလိုက် ၁၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မြန်မာသို့ ပို့ကုန်ပမာဏ ဘတ် ၁၁ ဒသမ ၂ ဘီလီယံအထိ ၁၄ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပမာဏဟာ ဘတ် ၈ ဒသမ ၅၂ ဘီလီယံအထိ ၄ ဒသမ ၄၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Ministry seeks border trade growth of 1% despite conflict
#Ayeyarwaddy_Times