ဧရာဝတီတိုင်းမ်
မေ ၄ ရက်

ယူကရိန်းက ဗြိတိန်က ထောက်ပံ့ပေးတဲ့ လက်နက်တွေ အသုံးပြုပြီး ရုရှားနိုင်ငံတွင်းက ပစ်မှတ် တွေကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းရဲ့ ထုတ်ပြန်ချက်ဟာ ပဋိပက္ခကို တင်းမာမှု မြင့်တက်စေနိုင်တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

စစ်ပွဲရှိနေသရွေ့ ယူကရိန်းသို့ နှစ်စဉ် စစ်ရေးအကူအညီ စတာလင်ပေါင် ၃ ဘီလီယံ ထောက်ပံ့ မယ်လို့ ကင်မရွန်းက ကတိပြုခဲ့ပြီး ဗြိတိန်ထုတ် စစ်လက်နက်တွေကို ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုပါက မကန့်ကွက်ဘူးလို့ ပြောပါတယ်။

“ယူကရိန်းမှာ အဲဒီအခွင့်အရေး ရှိပါတယ်။ ယူကရိန်းနိုင်ငံတွင်းက ပစ်မှတ်တွေကို ရုရှားက တိုက် ခိုက်သလို ယူကရိန်းကလည်း ရုရှားနိုင်ငံတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ဗြိတိန်ထုတ် စစ်လက် နက်တွေကို အသုံးပြုနိုင်ပါတယ်” လို့ ကိယက်ဗ်ခရီးစဉ်အတွင်း သူက ပြောပါတယ်။

ရုရှားနိုင်ငံဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ယူကရိန်းနိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေထက် ယူကရိန်းရဲ့ နိုင်ငံတကာ အသိအမှတ်ပြုပိုင်နယ်အတွင်းမှာ သာ အမေရိကန်ထုတ် စစ်လက်နက်တွေကို အသုံးပြုနိုင်တယ်ဆိုတဲ့ အမေရိကန်နိုင်ငံထက် ကင်မရွန်းရဲ့ မှတ်ချက်စကားက ရုရှားနဲ့ပတ်သက်ပြီး ပိုမို ရန်လိုနေပါတယ်။

ရေနံချက်စက်ရုံတွေ၊ မီးရထားလမ်းတွေလိုမျိုး ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ပြည်တွင်းဖြစ် ဒရုန်းတွေနဲ့ အခြားလက်နက်တွေကို အသုံးပြုတယ်လို့ ယူကရိန်းက ပြောပါတယ်။

ဒေးဗစ်ကင်မရွန်းရဲ့ မှတ်ချက်စကားက အန္တရာယ်ရှိတယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။

“ဒီမှတ်ချက်စကားဟာ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်တဲ့ ယူ ကရိန်းပဋိပက္ခကို တင်းမာမှုတွေ မြင့်တက်စေနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းက ဗြိတိန်ထုတ် စစ်လက်နက်တွေ အသုံးပြုပြီး ရုရှားပိုင်နက်ကို တိုက်ခိုက်မှုတွေ ပြု လုပ်ပါက ရုရှားက လက်တုံ့ပြန်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောပါတယ်။

ကိုးကား – Reuters
Ref; Kremlin calls Cameron statement on UK arms for Ukraine a ‘direct escalation’

#Ayeyarwaddy_Times