
ဧရာဝတီတိုင်းမ်
မေ ၃ ရက်
ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တဲ့ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ တင့်ကား တွေ၊ အခြားစစ်လက်နက်တွေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြသလျက်ရှိပါတယ်။
အမေရိကန်နဲ့ ဂျာမနီထုတ် တင့်ကားတွေ အပါအဝင် စစ်လက်နက်ကိရိယာ ၃၀ ကျော်ကို မော်စ ကိုမြို့တော်၊ Victory ပန်းခြံမှာ ဖွင့်လှစ်ထားတဲ့ ပြပွဲအခမ်းအနားတစ်ခုမှာ အများပြည်သူကို ပြသထားပါ တယ်။
ပြပွဲအခမ်းအနားဟာ ယူကရိန်းမှာ ရုရှားရဲ့ အောင်မြင်မှုတွေကို မီးမောင်းထိုးပြဖို့နဲ့ စစ်ပွဲနဲ့ပတ် သက်လို့ တိုင်းပြည်ရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
အများပြည်သူကို ပြသထားတဲ့ စစ်လက်နက်တွေထဲမှာ ဂျာမနီနိုင်ငံထုတ် Leopard 2 တင့်ကား တစ်စင်း၊ အမေရိကန်နိုင်ငံထုတ် Abrams တင့်ကားတစ်စင်းနဲ့ Bradley ခြေလျင်တပ်သုံး တိုက်ခိုက်ရေး ယာဉ်တစ်စင်း ပါဝင်ပါတယ်။
စစ်လက်နက်တွေဟာ ဗြိတိန်နဲ့ ပြင်သစ်လိုမျိုး နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေ ပါဝင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြပွဲက ရုပ်သံဖိုင်တွေမှာ ထိခိုက်ပျက်စီးနေတဲ့ တင့်ကားတစ်စင်းနဲ့ ကျည်ဇကာပေါက်ဖြစ်နေတဲ့ မော်တော်ကားတစ်စင်းကို ပြသထားလို့ ယူကရိန်းမှာ ပြင်းထန်သော တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကို ညွှန် ပြနေပါတယ်။
ရုရှားနိုင်ငံက မေလ ၇ ရက်မှာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ပဉ္စမအကြိမ်မြောက် ကျမ်းသစ္စာကျိန် ဆိုပွဲနဲ့ မေလ ၉ ရက်မှာ Victory Day အခမ်းအနားတွေ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ပြပွဲအခမ်းအနားကို ပြုလုပ်တာပါ။
ကိုးကား – NHK
Ref; Russia displays Western ‘trophy’ weapons captured in Ukraine
#Ayeyarwaddy_Times