ဧရာဝတီတိုင်းမ်
မေ ၃ ရက်

အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ခိုလှုံခွင့်တောင်းခံခဲ့တဲ့ မြန်မာဒုက္ခ သည် ပထမအသုတ်ကို ကြာသပတေးနေ့က နေရပ်ပြန်ပို့ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးတစ်ဉီးက ပြောပါ တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေက ဒုက္ခသည်တွေ နေရပ်ပြန်ပို့ ရေး သီတင်းပတ်ချီ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော အရပ်သားတွေဟာ အိန္ဒိယ နိုင်ငံထဲ ဝင်ရောက်လာမှုကြောင့် နယူးဒေလီကို စိုးရိမ်မှုဖြစ်စေခဲ့ပြီး နယ်စပ်ခြံစည်းရိုးခတ်ပြီး ဗီဇာမလို သွားလာခွင့် ဖျက်သိမ်းမယ့်အစီအစဉ်ကို ကြေညာခဲ့ရပါတယ်။

မဏိပူရ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည် ၃၈ ဦးကို နေရပ်ပြန်ပို့ခဲ့သလို စုစုပေါင်း ဒုက္ခသည် ၇၇ ဦးအထိ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။

မဏိပူရ်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် မေလအတွင်း လူမျိုးစု ပဋိပက္ခတွေကြောင့် လူပေါင်း ၂၂၀ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။

“ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူတွေကို နေရပ်ပြန်ပို့တဲ့ ပထမအ ဆင့် ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်နယ်အစိုးရက တရားမဝင် ဝင်ရောက်သူတွေ အတည်ပြု တာကို ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းဂျ်က လူမှုကွန် ရက်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက အိန္ဒိယနိုင်ငံသားတစ်ဉီးကိုလည်း နေရပ်ပြန်ပို့ခဲ့တယ်လို့ သူက ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ခြင်းမရှိလို့ ဒုက္ခ သည်တွေကို ကာကွယ်ပေးမယ့် ဉပဒေတွေပြဌာန်းထားတာ မရှိပါဘူး။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့တာကို မတ်လအတွင်း စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံက တိုက်ပွဲတွေ ကြောင့် ကြန့်ကြာမှုရှိခဲ့တယ်လို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အာဏာရ BJP ပါတီဝင်လည်းဖြစ်သူ ဘီ ရန်ဆင်းဂျ်က ပြောပါတယ်။

မိုဒီဟာ ရွေးကောက်ပွဲမှာ တတိယသက်တမ်း အနိုင်ရရှိဖို့ ကြိုးပမ်းနေပြီး မဏိပူရ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒုက္ခသည်တွေ အစုလိုအပြုံလိုက် ဝင်ရောက်မှုကြောင့်လို့ အိန္ဒိယအ စိုးရက အပြစ်ဖို့ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; India deports Myanmar refugees who fled 2021 coup

#Ayeyarwaddy_Times