
ဧရာဝတီတိုင်းမ်
မေ ၂ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် ၊ အသုတ်မြို့ တွင် ဧပြီလ ၂၈ရက်နေ့က စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ငွေတောင်းခံကြောင်း လူမှုကွန်ယက်ပေါ်တွင်ရေးသားခဲ့သည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီနှင့်ရဲများကလာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။
အသုတ်မြို့ အမှတ် (၃)ရပ်ကွက်တွင်နေထိုင်သော မခင်လေးမေ ဆိုသူအား စစ်ကောင်စီနှင့်ရဲများမှ facebookတွင် တင်ထားသော စာများနှင့်ပတ်သတ်ပြီးစစ်ဆေးရန်ဟု ဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။
“နေ့ခင်းဘက်ကြီးအိမ်ကိုလာဖမ်းတာ စစ်မှုထမ်းဖို့ မဲပေါက်တဲ့လူတွေကိုထောက်ပံ့ ကြေးဆိုပြီး တစ်အိမ်တစ်သောင်းကောက်တဲ့ကိစ္စ သူက ရေးတင်ထားတာနဲ့ပတ်သတ်ပြီး အမှုဖွင့်ခံလိုက်ရတာပါ။တစ်ယောက်ယောက်ကတိုင်လိုက်တာလို့ယူဆရတယ်”ဟု မိသားစု နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မခင်လေးမေအား အသုတ်နယ်မြေရဲစခန်းတွင်ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၅၂(က)၊ ၅၀၅(က) အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရသည်။
#အသုတ်မြို့ #စစ်မှုထမ်းဥပဒေ #ဝေဖန်သည့် အကြောင်း #လူမှုကွန်ရက်% #အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ #ခင်လေးငယ် #Ayeyarwaddy_Times