
ဧရာ၀တီတိုင်းမ်
မေ ၂ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့၀င်များသည် မွေးနေ့ပွဲ တစ်ခုတွင် တားမြစ်ကန့်ထားသည့် စစ်ကောင်စီထုတ် မြန်မာဘီယာများကို သောက်သုံးခဲ့ သည့်အတွက် TNLA မှ ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် (PSLF/TNLA) သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အမြစ်ပြတ်ကျဆုံးရန်၊ စီးပွားရေးမဏ္ဍိုင်ပြိုလဲစေရန် နှင့် ၀င်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်၍ စစ်ကောင်စီထုတ်ကုန်များ ရောင်း၀ယ်အသုံးပြုခြင်းမပြုလုပ်ရန် တားမြစ် ကန့်သတ်ထားကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ တားမြစ်ကန့်သတ်ထားသည့် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာများကို TNLA တပ်ဖွဲ့၀င်များမှ မွေးနေ့ပွဲတစ်ခုတွင် သောက်သုံးနေသည့်ပုံများ လူမှုကွန်ရက်တွင် ယမန်နေ့ မေလ ၁ ရက်နေ့ ညပိုင်းက ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ကောင်စီထုတ် မြန်မာဘီယာ သောက်သုံးခဲ့သည့် TNLA တပ်ဖွဲ့ဝင်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းများကို သန့်ရှင်းရေး လုပ် အားပေးရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ယနေ့ မေ ၂ ရက်နေ့တွင် (PSLF/TNLA) u ထုတ်ပြန်ထားသည်။
ထို့အပြင် TNLA ၏ အုပ်ချုပ်နယ်မြေ မြို့ ၇ မြို့နှင့် စစ်ဒေသတွင် စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းများကို ရောင်း၀ယ်စားသုံးနေသူများတွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူဆောင်ရွက်သွား မည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #တအာင်း #TNLA #တပ်ဖွဲ့၀င် #စစ်ကောင်စီ #ထုတ်ကုန် #မြန်မာဘီယာ #သုံးစွဲ #ပြစ်ဒဏ်ချမှတ် #Ayeyarwaddy_Times