
ဧရာဝတီတိုင်းမ်
မေ ၂ ရက်
တရုတ်နိုင်ငံတောင်ပိုင်းမှာ အဝေးပြေးလမ်းမကြီးရဲ့ လမ်းပိုင်းတစ်ခု ပြိုကျမှုဖြစ်ခဲ့ရာ လူ ၄၈ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ကွမ်တုံပြည်နယ်၊ မီကျိုးမြို့တော်ရဲ့ တောင်ထူထပ်သော အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အဝေးပြေး လမ်းမကြီးရဲ့ ၁၈ မီတာရှိတဲ့ လမ်းပိုင်းဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြိုကျခဲ့လို့ မော်တော်ကား ၂၃ စင်း လမ်းရဲ့အစွန်အဖျားထိ လွင့်စင်ခဲ့တာပါ။
အဝေးပြေးလမ်းပိုင်း ပြိုကျမှုဖြစ်တဲ့နေရာမှာ မီးလောင်ကျွမ်းပြီး မီးတောက်တွေ ဖြစ်ပေါ်နေတာ ကို လူမှုကွန်ရက်က ရုပ်သံဖိုင်တွေက ပြသနေပါတယ်။
ဗုဒ္ဓဟူးနေ့ဟာ တရုတ်နိုင်ငံမှာ မေဒေးနေ့အထိမ်းအမှတ် ၅ ရက်ကာ အားလပ်ရက်ရဲ့အစဖြစ်တာ ကြောင့် တိုင်းပြည်တွင်းရှိ လမ်းမကြီးတွေ၊ အဝေးပြေးလမ်းမကြီးတွေမှာ ယာဉ်အသွားအလာ ပြည့်နှက် နေခဲ့ပါတယ်။
ပျောက်ဆုံးနေဆဲလူတွေကို ရှာဖွေပြီး ကယ်ဆယ်ဖို့နဲ့ ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးမယ့် ကြိုးပမ်းမှုအားလုံး လုပ်ဆောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားခဲ့ပါတယ်။
ဧပြီလအစောပိုင်းကတည်းက ကွမ်တုံပြည်နယ်မှာ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတေွ၊ မြေပြိုမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
အဝေးပြေးလမ်းမကြီးရဲ့ လမ်းပိုင်းပြိုကျမှု ဖြစ်နေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Highway collapse in southern China mountain area kills at least 48, injures 30
#Ayeyarwaddy_Times