ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

အမေရိကန်နဲ့ ဉရောပတိုင်းပြည်တွေဟာ ယူကရိန်းသို့ ကတိပြုထားတဲ့ စစ်ရေးအကူအညီ မြန် ဆန်စွာ ပေးပို့မယ့်တာဝန်ကို ယူရမယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစတိုလ်တန်ဘဂ်က ပြော ပါတယ်။

စတိုလ်တန်ဘဂ်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ တနင်္လာနေ့က ကိယက်ဗ်မြို့တော်မှာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်နဲ့ အခြားတိုင်းပြည်တွေက ကြေညာခဲ့တဲ့ ထပ်တိုး စစ်ရေးအကူအညီကို ဇီလန်စကီး က ရည်ညွှန်းပြောဆိုခဲ့တာပါ။

ယူကရိန်းစစ်တပ်အတွက် အချိန်မီ ပံ့ပိုးကူညီမှုနဲ့ပတ်သက်လို့ မည်သည့် အပြုသဘောဆောင် သော တိုးတက်မှုကိုမျှ မမြင်တွေ့ရဘူးလို့ သူက ဆိုပါတယ်။

အကန့်အသတ်နဲ့ ထောက်ပံ့ကူညီမှုတေွ စတင်ခဲ့တာကြောင့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ လိုအပ် နေပြီလို့ သူက ပြောပါတယ်။

ခဲယမ်းမီးကျောက် ပြတ်လပ်မှုကြောင့် ရုရှားတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာတစ်လျှောက် ရှေ့ဆက်ချီတက်နိုင်ခဲ့တာလို့ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီပေးမှု ကြန့်ကြာနေတာကို ကိုး ကားပြီး စတိုလ်တန်ဘဂ်က ပြောပါတယ်။

နောက်ထပ် ပံ့ပိုးကူညီမှုတွေ လာနေပြီဖြစ်လို့ ယူကရိန်းနိုင်ငံအတွက် အောင်ပွဲရဖို့ အရမ်းကြီ နောက်မကျသေးဘူးလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့တာဝန်က စစ်လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို မြန်နိုင်သမျှစောပြီး အ မှန်တစ်ကယ် ပေးပို့ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ ခဲယမ်းမီးကျောက်နဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ဆိုးရွားစွာ ပြတ်လပ်ခဲ့ရာ အရှေ့ပိုင်းစစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့တွေ ရှေ့ဆက်ချီတက်ခွင့်ပြုခဲ့ရပါတယ်။

ကိုးကား – NHK
Ref; NATO chief calls for prompt deliveries of military assistance to Ukraine

#Ayeyarwaddy_Times