
ဧရာဝတီတိုင်းမ်
မေ ၁ ရက်
Maris Sangiampongsa ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်မှုအား ထောက်ခံချက်ရယူ ရန် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ထိုင်းဘုရင်မင်းမြတ်ထံ တင်ပြထားတယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရာမှာ ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရလို့ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့တဲ့ Panpree Bahiddha-Nukara ရဲ့နေရာကို Maris Sangiampongsa နဲ့ အစားထိုးမှာဖြစ်ပါတယ်။
Maris အား နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်မှုမှာ ထောက်ခံချက်ရရှိဖို့ ဝန်ကြီးချုပ်က ထိုင်းဘုရင်ထံ တင်ပြထားတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Manaporn Charoensri က အတည်ပြုပါတယ်။
ဝန်ကြီးအဖြစ် ခန့်အပ်မခံရမီ Maris က ထိုင်းစတော့အိတ်ချိန်းထံ ပေးပို့တဲ့စာတစ်စောင်အတွင်း ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေကြောင့် Thanulux Plc ဘုတ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။
Maris ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝါရင့် သံတမန်တစ်ဉီးဖြစ်ပြီး ရာထူးမှနှုတ်ထွက်ခဲ့တဲ့ Panpree Bahiddha-Nukara ရဲ့ အကြံပေးအဖွဲ့ဝင်လည်း တာဝန်ယူခဲ့ပါတယ်။
Maris ဟာ သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်ခဲ့ချိန်က အစိုးရအိမ်တော်မှာ တာဝန်ထမ်းဆောင် ပြီးနောက် ရှင်နာဝပ်ထရာမိသားစုနဲ့ နီးကပ်သော ဆက်ဆံရေးတစ်ရပ် ရှိခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Maris’ appointment as foreign minister sent for royal endorsement
#Ayeyarwaddy_Times