ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

မေလ ၁ ရက်အစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းရှိ အဝေးပြေးလမ်းမကြီးရဲ့ လမ်းပိုင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိ ရပါတယ်။

အဝေးပြေးလမ်းမကြီးရဲ့ ၁၈ မီတာနီးပါးရှိတဲ့ လမ်းပိုင်းတစ်ခု ပြိုကျပြီးနောက် မော်တော်ကား ၁၈ စင်း ပြုတ်ကျသွားခဲ့တယ်လို့ ကွမ်တုံပြည်နယ်၊ မီကျိုးမြို့တော် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ သေဆုံးသူအရေအတွက်ဟာ ၂၄ ဉီးအထိ မြင့်တက်လာခဲ့တယ်လို့ တ ရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ကွမ်တုံပြည်နယ်ရှိ ဒေသအချို့မှာ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မိုးသီး ကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

လမ်းမကြီးပိုင်းကို ကျော်ဖြတ်ပြီးနောက်ကျယ်လောင်သော အသံတစ်ခု ကြားခဲ့ရကာ ၎င်းတို့ရဲ့ နောက်မှာ မီတာများစွာကျယ်တဲ့ တွင်းပေါက်ကြီးတစ်ခု မြင်တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။

ဒေသန္တရမီဒီယာတွေ ဖော်ပြတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေထဲမှာ အခင်းဖြစ်ရာနေရာကနေ မီးခိုး တွေ ထွက်ပေါ်နေပုံကို ပြသနေပါတယ်။

အဝေးပြေးလမ်းမကြီးရဲ့ အောက်ခြေမြေကြီးဟာ ပြိုကျသွားခဲ့ပြီး လမ်းပိုင်းက ကွဲထွက်သွားပုံ ပေါ်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေက လူ ၃၀ ကို ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာ န CCTV က ဖော်ပြပါတယ်။

ကိုးကား – AP
Ref; Highway collapse in China’s southern Guangdong province leaves at least 24 dead

#Ayeyarwaddy_Times