
ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
အာသံရိုင်ဖယ်တပ်ရင်းဟာ တနင်္လာနေ့က နာဂလန်ပြည်နယ်၊ မွန်ခရိုင်မှာ လက်နက်တွေ၊ ခဲ ယမ်းမီးကျောက်တွေနဲ့အတူ လူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထောက်လှမ်းရေးသတင်းတွေအရ အာသံရိုင်ဖယ်တပ်ရင်းဟာ ရှာဖွေမှုစစ်ဆင်ရေးတစ်ရပ် လုပ် ဆောင်ရာမှာ အခုလို စစ်လက်နက်တွေ ဖမ်းဆီးရမိခဲ့တာပါ။
ရှာဖွေမှုစစ်ဆင်ရေးအတွင်း ပစ္စတိုသေနတ်တွေ၊ ရေဒီယိုတွေ၊ ဂြိုဟ်တုဖုန်းနဲ့ မော်တော်ဆိုင်ကယ် လိုမျိုး ပစ္စည်းကိရိယာတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လက်နက်တွေ ရှာဖွေ၊ ဖော်ထုတ်ဖမ်းဆီးရမိတာဟာ အာသံရိုင်ဖယ်တပ်ရင်းက လုပ်ဆောင်နေဆဲ နယ်စပ်စစ်ဆင်ရေးတွေမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
နာဂလန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖျက်ဆီးနေတဲ့ အဖွဲ့အစည်းတွေအတွက် ထိုးနှက်ချက် တစ်ခုဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ သံသရှိသူနဲ့ လက်နက်တွေကို နာဂလန်ပြည်နယ် ရဲတပ်ဖွဲ့ထံ လွှဲ ပြောင်းပေးခဲ့ပါတယ်။
ဒေသတွင်း ဆိုးရွားသော လုံခြုံရေးအခြေအနေ မဖန်တီးနိုင်ရေး အစိုးရဆန့်ကျင်ရေး အဖွဲ့အ စည်းတွေရဲ့ အစီအစဉ်တွေကို ဟန့်တားနိုင်ဖို့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေကို တပ်လှုန့်ထားတယ်လို့ သိရပါ တယ်။
ကိုးကား – India Today
Ref; Assam Rifles seize huge cache of arms, ammunition near Myanmar border in Nagaland
#Ayeyarwaddy_Times