ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

တော်ဝင်ထိုင်းရေတပ်မှာ ပြည်တွင်းစစ်ပဋိပက္ခ ပြင်းထန်လာရင် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသား တွေကို ဘေးလွတ်ရာရွှေ့ပြောင်းမယ့် စစ်သင်္ဘော ၄ စင်း ကပ္ပလီပင်လယ်ပြင်အတွင်း အဆင်သင့်ရှိတယ် လို့ သိရပါတယ်။

အရေးပေါ်အခြေအနေဖြစ်ပါက မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်း မယ့် ဖရီးဂိတ်စစ်သင်္ဘော ၂ စင်းနဲ့ ကမ်းတက်သင်္ဘော ၂ စင်း စေလွှတ်ဖို့ ထိုင်းရေတပ် အကြီးအကဲ ဗိုလ် ချုပ်ကြီး Pan-lam က အမှတ် ၃ စစ်တိုင်းမှူးကို ညွှန်ကြားခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာပြီး အသက်အန္တရာယ် ရှိလာပါက မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားတွေကို ခေါ်ယူရန် စစ်သင်္ဘော ၄ စင်း အဆင်သင့်ရှိတယ်လို့ သူ က ဆိုပါတယ်။

တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ၊ မြဝတီမြို့ကြား နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး နောက် အခြေအနေ တည်ငြိမ်လာခဲ့ပြီလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၂၀ ခန့်ဟာ တနင်္ဂနွေနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် တပ်စွဲထား တဲ့ စစ်စခန်းတစ်ခုကို သိမ်းပိုက်ကာ မီးရှို့ခဲ့တယ်လို့ ထိုင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။

စစ်စခန်းမီးရှို့ရာမှ ထွက်လာတဲ့ မီးခိုးတွေနဲ့ မီးတောက်တွေကို ထိုင်းမြေမှ မြင်တွေ့နိုင်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အဆိုပါတိုက်ပွဲဟာ ထိုင်းနိုင်ငံ၊ စိုင်းယော့ခ်ခရိုင်၊ ဘန်ထိုင်းမောင်ကနေ ၁၀ ကီလိုမီတာခန့်အကွာ မြန်မာနိုင်ငံ၊ ထားဝယ်ခရိုင်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရရှိမှုသတင်းကိုတော့ အတည်မပြုနိုင်ဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Navy on standby to evacuate Thais from Myanmar

#Ayeyarwaddy_Times