ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံက တပ်လှုန့်ထားတယ် လို့ ဒီသီတင်းပတ်အတွင်း မြန်မာနယ်စပ်ကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူ ကာရာက ပြောပါတယ်။

ပန်ပရီးဟာ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူလ်၊ ကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန် တို့နဲ့အတူ မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီ ထိုင်း လူဝင်မှု ကြီးကြပ်ရေးရုံးကို သွားရောက်ခဲ့ပါတယ်။

“အခြေအနေတွေကို ကျွန်တော်တို့ ကောင်းမွန်စွာ ကိုင်တွယ်နေပြီဆိုတဲ့ ယုံကြည်မှုပေးဖို့နဲ့ သူတို့ ရဲ့ အခက်အခဲတွေကို နားထောင်ဖို့ ကျွန်တော်တို့ မဲဆောက်က ပြည်သူတွေထံ လည်ပတ်တာပါ။ ကျွန် တော်တို့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့ အဆင်သင့်ပါ” လို့ ပန်ပရီးက သ တင်းထောက်တွေကို ပြောပါတယ်။

“အရင်က ကျည်ဆန်ကျတာတွေ၊ ကျူးကျော်ဝင်ရောက်တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနေ့မှာ တော့ ကျွန်တော်တို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာအာဏာသိမ်းမှု ၃ နှစ်ကျော် ရှိလာခဲ့ပေမယ့် မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ချည်းကပ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း Srettha Thavisin ဝန်ကြီးချုပ်ဖြစ်လာပြီးမှသာ ပြောင်းလဲလာခဲ့တယ်လို့ နိုင်ငံရေး သုံး သပ်လေ့လာသူတစ်ဉီးက ပြောပါတယ်။

“ထိုင်းအစိုးရဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ ဉီးဆောင်အခန်းကဏ္ဍကနေ ပါဝင်လိုတယ်” လို့ နိုင်ငံရေး သုံးသပ်လေ့လာသူ Thitinan Pongsudhirak က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရာ မှာ ပိုမို ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မြန်မာစစ်ရှောင်တွေကို လက်ခံမယ့် စစ်ရှောင်စခန်းတွေ တည်ဆောက်ဖို့ သဘောတူခဲ့ပါတယ်။

ထိုင်းအစိုးရဟာ အတိတ်က မြန်မာစစ်ကောင်စီနဲ့သာ ထိတွေ့ဆက်ဆံမှုကြောင့် ဝေဖန်ခံခဲ့ရပေ မယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား စေ့စပ်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – VOA
Ref; Thailand closely watches battle for Myanmar border town

#Ayeyarwaddy_Times