
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
မြန်မာပဋိပက္ခ ဖြေလျှော့ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိစေမယ့် ထိုင်းနိုင်ငံရဲ့ ASEAN Troika အစည်းအ ဝေးတွေ လက်ခံကျင်းပဖို့ အဆိုပြုချက်ကို လာအိုနိုင်ငံက အသိအမှတ်ပြုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လက်ရှိအခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရ ရှိစေဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ သူက အခုလို ပြောကြားခဲ့တာပါ။
အကျပ်အတည်းဖြေလျှော့ရေး မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမယ့်နည်းလမ်းတွေကို ထိုင်း နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ အဆိုပြုခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးနဲ့ ငြိမ်းချမ်းရေး မြှင့်တင် ဖို့ တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို လက်ရှိ အာဆီယံအလှည့်ကျဉက္ကဌ လာအိုနိုင်ငံထံ တင်ပြခဲ့တယ်လို့ Nikorndej Balankura က ဆိုပါတယ်။
လာအိုနိုင်ငံက ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ကြိုဆိုခဲ့ပြီး အဆိုပါပြဿနာကို ထည့်သွင်းစဉ်းစား နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ASEAN Troika plus ကို မဆွေး နွေးရသေးဘူးလို့ သူက ဆိုပါတယ်။
အာဆီယံဉက္ကဌ လာအိုနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မဆွေးနွေးရသေးလို့ သက်ဆိုင်သူ တွေက အဆိုပါပြဿနာကို လာအိုနိုင်ငံနဲ့ မဆွေးနွေးရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံက ဉီးဆောင်အခန်းကဏ္ဍကနေ ထိုင်းနိုင်ငံက ပါဝင်စေလို ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အစစ်အမှန် ဖြစ်ပါတယ်။ ASEAN Troika ဟာ သင့်တော် တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
မြန်မာအကျပ်အတည်း ဖြေလျှော့ရေးအတွက် မြန်မာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုင်ပင် ဆွေးနွေးဖို့ ထိုင်းနိုင်ငံက အဆင်သင့်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Laos backs Thai ‘Troika’ peace plan
#Ayeyarwaddy_Time