ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

ကုန်သွယ်မှု ရပ်တန့်ပြီး ဒုက္ခသည်တွေအစုလိုက်အပြုံလိုက် ဝင်ရောက်မှုဖြစ်စေခဲ့တဲ့ သီတင်း ပတ်ချီကြာမြင့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အာဆီယံအဖွဲ့က ပိုမို ကြီးမားသော အခန်းကဏ္ဍကနေ ပါဝင်ဖို့ ထိုင်းနိုင်ငံက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့က ပိုမို ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်တာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်” လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အာဆီယံဥက္ကဌ လာအို၊ မြန်မာနိုင်ငံတို့ နဲ့ ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဟာ မြဝတီမြို့ကို ရောက်ရှိလာပြီး ထိုင်း နိုင်ငံနဲ့ အလွန် နီးကပ်လာလို့ အာဆီယံအဖွဲ့ဘက်ကနေ လုပ်ဆောင်စရာတွေ ပိုရှိလာပါပြီ” လို့ သူက ဆက်ပြောပါတယ်။

အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းခဲ့တဲ့ အာဆီယံဉက္ကဌဟောင်း အင်ဒိုနီးရှား၊ လက်ရှိ ဥက္ကဌ လာအိုနဲ့ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဌ မလေးရှားနိုင်ငံတွေ ပါဝင်တဲ့ မြန်မာ့အရေး အာဆီယံအ စည်းအဝေးတစ်ရပ် ကျင်းပဖို့ ထိုင်းနိုင်ငံက ဒီသီတင်းပတ်အတွင်း အဆိုပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ်အရ အာဆီယံဉက္ကဌဟာ လုပ်ငန်းစဉ် ရှေ့ဆက်လုပ် ဆောင်ဖို့ အထူးကိုယ်စားလှယ်တစ်ဉီး ခန့်အပ်ရပါတယ်။ လက်ရှိ အာဆီယံဉက္ကဌ လာအိုနိုင်ငံက အထူး ကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ပြန်တာ အနည်းငယ်သာ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ မျက်နှာစာ ပေါင်းစုံမှာ ရှုံးနိမ့်မှု ကြုံတွေ့နေရပေမယ့် အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ကာ အတိုက်အ ခံတွေကို အကြမ်းဖက်သမားတွေလို့ ခေါ်ဆိုခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Thailand urges bigger ASEAN role in resolving Myanmar conflict

#Ayeyarwaddy_Times