ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

ရခိုင်ပြည်နယ်ရှိပြည်သူများထံ စားနပ်ရိက္ခာများပိုဆောင်မည်ဟု စစ်ကောင်စီက သတင်းလွှင့်ထားပြီးအမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရှိ စစ်ကောင်စီ တပ်သားများထံ မကွေးတိုင်းစစ်ကောင်စီတပ်နှင့် မော်တော်ယာဉ်ပေါင်စုံ စည်းကမ်း ထိန်းသိမ်းရေး (မထသ)တို့ ပူးပေါင်း၍ စားနပ် ရိက္ခာများပို့ဆောင်ရန် စီစဥ်နေကြောင်း ကုန်ကားမောင်းသူများထံက သိရသည်။

လက်ရှိတွင် ရိက္ခာအများအပြားပို့ဆောင်နိုင်ရန် ရန်ကုန်မြို့တွင် ကားများလိုက်လံ ငှားရမ်းနေပြီး မေလ ပထမပတ်မှစတင်ကာ ရိက္ခာများ ပို့ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။

“ဆန်အိတ်တွေနဲ့ စားစရာတွေ အစုံပို့ပေးမှာပါ၊ မကွေး(မထသ)နဲ့ စစ်တပ် ပေါင်းပြီးလုပ်ကြတာ။ ဟိုမှာရိက္ခာတွေပြတ်နေတော့ ကားတွေ အမြန်လိုက်ငှားပြီး စီစဥ်နေကြတာ။ ဒီလိုရိက္ခာ ပို့မယ့်အစီစဥ်နဲ့လမ်းကြောင်းကို AA အနေနဲ့လည်း ကြိုတင်ပြီးသိထားစေချင်လို့ပါ” ဟု မကွေးတိုင်းရှိ ကုန်ကားမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က ထိုသို့ ရိက္ခာပို့ဆောင်ရာတွင် ရခိုင်ပြည်သူများထံ စားနပ်ရိက္ခာ ပို့ဆောင်ခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း မကွေးမြို့ခံများထံက သိရသည်။

လက်ရှိတွင် မကွေးမြို့မှ စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ၁၂ ဘီးကား ၁၀ စီး စာရင်းပေးသွင်းထားပြီး စစ်ကောင်စီတပ်ကို ဆန့်ကျင်၍ လိုက်ပါခြင်းမပြုနိုင်သည့် ကားများကို ငွေကျပ် ခြောက်သိန်းအထိတောင်းယူနေကာ မကွေးမြို့ပေါ်တွင် ကားအစီးရေ ၃၀၀ ထက်မနည်းရှိကြောင်း မကွေးမြို့ခံများက ဆိုသည်။

အဆိုပါ စစ်ကောင်တပ်အတွက် ရိက္ခာများကို မကွေးတိုင်းတစ်တိုင်းလုံး အတိုင်း အတာဖြင့် တာဝန်ယူကာ ကားအစီးရေ ၈၀ကျော်ဖြင့် ပို့ဆောင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်နှင့်ပူးပေါင်ကာ ရိက္ခာပို့ရန်စီစဥ်နေသည့် ဦးမြင့်စိုး မကွေးတိုင်း မထသ ဥက္ကဋ္ဌ၊ ဦးကျော်ဆန်းဦး မော်တော်ယဉ် ဥက္ကဋ္ဌတို့သည် တစ်နှစ်လျှင် ကားသမားများထံမှ သုံးသိန်းနှင့်အထက်ကို နှစ်ကြိမ် တောင်းယူကြောင်း သိရသည်။

#အမ်းမြို့ #စစ်ကောင်စီတပ်ထံ #မကွေးတိုင်း #စစ်ကောင်တပ် #မထသ #ပူးပေါင်း #ပြည်သူပိုင်ကား #အသုံးပြု၍ #ရိက္ခာပို့ရန်စီစဥ်နေ #Ayeyarwaddy_Times