
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
ဂျပန်အစိုးရအကူအညီဖြင့်တည်ထောင်ထားသော သီလဝါအထူးစီးပွားရေးဇုန်တွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုများမှ တစ်ဆင့် သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ နှင့် Thailand – Myanmar Business ( TMBC) အဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်တို့သည် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီအနေဖြင့် သီလဝါစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံပါက အခွင့် အလမ်း များစွာပေးထားပြီး ပြည်ပသွင်းကုန်အစားထိုးဆောင်ရွက်နေရာ MSME ထုတ်ကုန်များတိုးတက်ရေးဆောင်ရွက်နေကြောင်း ဆိုထားသည်။
ထိုင်းနိုင်ငံဘက်က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသော အစဉ်အလာဖြင့် အိမ်နီးချင်း ကောင်းပီသစွာ လက်တွဲဆောင်ရွက်နေပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ အကြောင်းကို ဆွေးနွေးနေကြောင်း (TMBC) ခေါင်းဆောင် Mr. Kich Aungvitulsatit က ဆိုသည်။
လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှရင်းနှီးမြှုပ်နှံလျက်ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြှုပ်နှံထားကာ ထိုင်းနိုင်ငံက တတိယအများဆုံးရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်မှုကုန်သွယ်ရေး ကဏ္ဍတွင် ထိုင်းနိုင်ငံဘက်က လူသုံးကုန်များအပါ အဝင် ကုန်ကြမ်းပစ္စည်းနှင့် ကုန်မာပစ္စည်းမျိုးစုံကို တင်သွင်း နေရသည်။
စစ်ကောင်စီ၏ ပြည်သူများအပေါ်အကြမ်းဖက်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုအကြီးဆုံး ဖြစ်သော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွင် ပြင်သစ် Total နှင့် အမေရိကန် Chevron ကုမ္ပဏီတို့နှုတ်ထွက်သွားပြီးနောက် ထိုင်းအစိုးရပိုင် PTTEP က ရှယ်ယာ အများဆုံးပိုင်ဆိုင်ထားပြီး စစ်ကောင်စီပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ထက် ပိုင်ဆိုင်မှု ပိုမိုများပြားကြောင်း သိရသည်။
ဓာတ်ပုံ – လူမှူကွန်ရက်
#သီလဝါအထူးစီးပွားရေးဇုန် #ထိုင်းလုပ်ငန်းရှင် #စိတ်ဝင်စား #Ayeyarwaddy_Times