
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံ တရုတ်နဲ့ အမေရိကန်ဟာ မိတ်ဖက်တွေသာဖြစ်သင့်ပြီး ပြိုင် ဘက်တွေ မဖြစ်သင့်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် ထိပ်တန်းသံတမန် အန်တိုနီဘလင် ကန်ကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ ဖြေရှင်းရမယ့်ပြဿနာတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
တစ်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် လာရောက်တဲ့ အန်တိုနီဘလင်ကန်ဟာ ပေကျင်း မြို့တော်မှာ ထိပ်တန်း တရုတ်နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံကာ ရုရှား၊ ထိုင်ဝမ်နဲ့ ကုန်သွယ်မှု အပါအ ဝင် နယ်ပယ်များစွာကို ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း နှစ်နိုင်ငံစလုံးက အပြုသ ဘောဆောင်သော တိုးတက်ဖြစ်ထွန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အန်တိုနီဘလင်ကန်နဲ့ တွေ့ဆုံစဉ် ရှီ ကျင့်ဖျင်က ပြောပါတယ်။
“အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောဆောင်ပြီး ရှုမြင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။
အခြေခံကျသောပြဿနာကို ဖြေရှင်းမယ်ဆိုရင် ဆက်ဆံရေးဟာ အမှန်တစ်ကယ် တည်ငြိမ်ပြီး ပိုမိုကောင်းမွန်ကာ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်လို့ ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုက ဆန့်ကျင်ဘက်ရလဒ် ဖြစ်လာစေနိုင်တယ်လို့ အစောပိုင်းမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အန်တိုနီဘလင်ကန်ကို သတိပေးခဲ့ပါတယ်။
Diaoyutai နိုင်ငံတော်ဧည့်ဂေဟာမှာပြုလုပ်သော ၅ နာခွဲကျော်ကြာမြင့်တဲ့ ဝမ်ယိနဲ့ တွေ့ဆုံဆွေး နွေးမှုဟာ အပြုသဘောဆောင်တယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဆန်ဖရန်စစ္စကိုမြို့အနီးမှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ စတင်တည်ငြိမ်လာခဲ့တယ်လို့ ဝမ်ယိက ဘလင်ကန်ကို ပြော ပါတယ်။
ကိုးကား – AFP
Ref; Xi tells Blinken US, China should be ‘partners, not rivals’
#Ayeyarwaddy_Times